Connect with us

Videos

ပါကစ္စတန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် ဇာဒါရီ အနိုင်ရရှိ

အစ္စလာမ်မာဘတ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အာဏာရညွှန့်ပေါင်းကိုယ်စားလှယ် အဆစ်ဖ် အလီ ဇာဒါရီ(Asif Ali Zardari)က မတ် ၉ ရက်တွင် အပြတ်အသတ် ဦးဆောင်မှုဖြင့် အနိုင်ရရှိခဲ့ကြောင်း ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။ရွေးကောက်ပွဲတွင် Zardari က ပါလီမန်နှင့် ပြည်နယ်လွှတ်တော် ၄ ခုအပါအဝင် ရွေးကောက်ခံ ကိုယ်စား လှယ်များအားလုံးထံမှ ဆန္ဒမဲ ၄၁၁ မဲ ရရှိခြင်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။
အသက် ၆၈ နှစ်အရွယ်ရှိ ဇာဒါရီက သမ္မတ Arif Alvi နေရာတွင် တာဝန်ထမ်းဆောင်မည် ဖြစ်ပြီး ယင်းမှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ပါကစ္စတန်နိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ဇာဒါရီ၏ ဒုတိယမြောက် သက်တမ်း ဖြစ်လာမည်ဟု ဆိုသည်။
ဇာဒါရီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် ဖြစ်ခဲ့ပြီး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခြင်းမပြုမီ အမျိုးသားလွှတ်တော်မှ နုတ်ထွက်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————-
Zardari wins Pakistan’s presidential election
Ruling coalition candidate Asif Ali Zardari won the presidential election of Pakistan with an overwhelming lead on Saturday, the Election Commission of Pakistan announced.
Zardari won the election by taking 411 votes from all the electoral colleges, including parliament and four provincial assemblies, the commission said.
Zardari, 68, will replace outgoing President Arif Alvi, who had already received a farewell guard of honor on Friday.
This will be Zardari’s second term as president after he served as the country’s 11th president from 2008 to 2013.
Zardari was elected member of the National Assembly in the general elections on Feb. 8, 2024. However, before taking oath as the president of the country, he will have to resign from the National Assembly.
Xinhua News Agency correspondents reporting from Islamabad.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.