Connect with us

Videos

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ဒေသထွက်ကြံသကာများ ဈေးကောင်းရနေ

အောင်လံ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ကြံသကာဈေးနှုန်းများမှာ ယခင်နှစ်ကထက် ဈေးနှုန်းနှစ်ဆမြင့်တက်နေကြောင်း ကြံသကာလက်လီအရောင်းဆိုင်များထံမှ သိရသည်။
ကြံသကာဈေးနှုန်းများမှာ တစ်ပိသာလျှင် ယခင်နှစ်က ကျပ်၂,၀၀၀ ရှိရာမှ ယခုနှစ်တွင် ကျပ် ၄,၅၀၀ ရှိနေကြောင်း၊ ကြံသကာကို ပြည်တွင်းသကြားစက်များနှင့် မုန့်လုပ်ငန်းများက အများဆုံးဝယ်ယူအသုံးပြုကြပြီး မြန်မာ့ရိုးရာမုန့်သရေစာအဖြစ် စားသုံးကြကြောင်း သိရသည်။ (Xinhua)