ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ်ပထမ နှစ်ဝက်အတွင်း စုစုပေါင်း သွင်းကုန်ပို့ကုန်တန်ဖိုးပမာဏမှာ ယွမ် ၁၈.၀၇ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၇၉ ထရီလီယံ) အထိ ရောက်ရှိခဲ့ရာ နှစ်အလိုက်တိုးတက်မှုနှုန်းမှာ ၂၇.၁ ရာခိုင်နှုန်းအထိ တိုးပွားကျယ်ပြန့်လာခဲ့ကြောင်း အင်္ဂါနေ့က ထုတ်ပြန်သည့်တရားဝင်အချက်အလက်များအရသိရသည်။ ၂၀၁၉ခုနှစ် ကပ်ရောဂါ...
ရှန်ဟိုင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၁၂ ကြိမ်မြောက်အာတိတ်ရေခဲပြင်လေ့လာရေးခရီးစဉ်အဖြစ် တရုတ်သုတေသနပညာရှင်များ သည် တနင်္လာနေ့၌ ပြည်တွင်းဖြစ် ရေခဲခွဲယာဉ် Xuelong 2(နှင်းနဂါးသင်္ဘော ၂) ဖြင့် ရှန်ဟိုင်းမှ စတင်ထွက်ခွါခဲ့သည်။ ၎င်းမှာ တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ၅ နှစ်တာစီမံကိန်း( ၂၀၂၁-၂၀၂၅)...
ဝူးလူမုချီ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စွမ်းအင်အရင်းအမြစ်များ ကြွယ်ဝသည့်ဒေသတစ်ခုဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံ၏ အခြားဒေသများသို့ ပထမနှစ်ဝက်အတွင်း လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီပေါင်း ၅၉ ဘီလီယံကို လွှဲပြောင်းပို့လွှတ်ပေးနိုင်ခဲ့ရာ နှစ်အလိုက်တိုးတက်မှုနှုန်း ၃၄ ရာခိုင်နှုန်းအထိ ရှိခဲ့သည့်အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာဘွန်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးတွင် အထောက်အကူဖြစ်စေခဲ့ကြောင်း...
ဂျကာတာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း Sinovac မှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး နောက်ထပ်တစ်သုတ်သည် အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ပြည်နယ် Soekarno-Hatta နိုင်ငံတကာလေဆိပ်သို့ ပြီးခဲ့သည့်တနင်္လာနေ့က ရောက်ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဆိုသည်။ အဆိုပါ...
ကွေ့ယန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ အရှည်ဆုံးမြစ်ကြီးတစ်စင်းဖြစ်သည့် ယန်ဇီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော ဝူကျန့်မြစ်၌ ဂေဟဗေဒစနစ်ပြန်လည်တိုးတက်ကောင်းမွန်လျက်ရှိပြီဖြစ်ကြောင်းသိရသည်။ ဝူကျန့်မြစ်သည် ယခင်က အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေရာ ရေထုညစ်ညမ်းသောမြစ်တစ်စင်း အဖြစ်ဒေသခံများက အမည်ပေးထားကြသည်။သို့ရာတွင် ကွေ့ကျိုးပြည်နယ်အစိုးရက ရေထုညစ်ညမ်းမှုများစွာဖြစ်နိုင်သည့် ဖော့စ်ဖရက်ညစ်ညမ်းမှုများအားထိန်းချုပ်ခြင်း၊ ရေဆိုးစွန့်ပစ်မှုများအားရှင်းလင်းခြင်းနှင့် ရေထု၏ ဂေဟစနစ်ပြန်လည်ကောင်းမွန်စေရန်တိုးမြှင့်လုပ်ဆောင်ခြင်းစသည့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ဆောင်ချက်များကို...
ရှင်းကျန်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Artux မြို့တွင် ယာဉ်လမ်းကြောင်းရှင်းလင်းရေး လုပ်ဆောင်နေသည့် ယာဉ်ထိန်းတစ်ဦးသည် လုပ်ငန်းခွင်အတွင်း သတိလစ်မေ့မြောခဲ့ ရာ လမ်းသွားလမ်းလာများက ဝိုင်းဝန်းကာ ဆေးရုံသို့ပို့ဆောင် ကယ်တင် ပေးခဲ့ကြသည်။
ဝူးလူမုချီ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အကြီးဆုံး သဲကန္တာရကြီးဖြစ်သည့် တာ့လီမခန်းသဲကန္တာရ တွင် တည်ဆောက်ထားသော လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်ကြီးများရှိရာသို့ သွားရောက်ကာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုမရှိစေရန်ဆောင်ရွက်ရသည့်လျှပ်စစ်ဝန်ထမ်းများအား ရိုက်ကူးထားသောရုပ်သံဖိုင်ဖြစ်ပါသည်။ လျှပ်စစ်ဓါတ်အားပေးလိုင်းများအား ထိန်းသိမ်းရေး ဆောင်ရွက်ရသည့်ပညာရှင်အဖွဲ့သည် အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်ခန့်ရှိသည့်နေရာတွင် ၃၃၁ ကီလိုမီတာ အကွာအဝေးအထိ လျှပ်စစ်ဓါတ်အားလိုင်းများ စစ်ဆေးရန်...
နိုင်ရိုဘီ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံသမ္မတ Uhuru Kenyatta က တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသည့် ကင်ညာနိုင်ငံအရှေ့ပိုင်း Makueni စီရင်စုရှိ Thwake ရေလှောင်တမံစီမံကိန်းတည်ဆောက်ပြီးစီးမှု အခြေအနေများအား ပြီးခဲ့သည့် သောကြာနေ့တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဘရပ်ဆဲလ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ဥရောပတိုက် တွင် ကန့်သတ်မှုများကို ဖြေလျှော့ပြီး နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်များ ပြန်လည်ခွင့်ပြုခဲ့ရာ ဒေသတွင်း ကူးစက်ရောဂါ အရေးပေါ် သက်ရောက်မှုများ များပြားစွာကြုံတွေ့နေရကြောင်း နှင့် အများစုမှာ ကိုရိုနာဗိုင်းရပ်စ် ၏ မျိုးစိတ်ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ခံရမှုများဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် နင်းနန် ကောင်တီနှင့် ယူနန်ပြည်နယ် ချောင်ကြား ကောင်တီတို့ထိစပ်ရာ ကျင်ဆားမြစ်ကြောင်းပေါ်တွင်တည်ရှိသည့် ကမ္ဘာပေါ်တွင်ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်သော ပိုင်ဟဲ့ထမ်းရေအားလျှပ်စစ်စက်ရုံ၏ ပထမဆုံးဓါတ်အားပေးယူနစ် နှစ်ခုမှာ စတင်လည်ပတ်လျက်ရှိပါသည်။ ကမ္ဘာတစ်ဝှမ်းမှ အာရုံစိုက်မှုများကို ဆွဲဆောင်ထားသည့် အဆိုပါ ရေအားလျှပ်စစ်စက်ရုံ၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများအား တင်ဆက်ထားပါသည်။...