Connect with us

Videos

မတ်စောက်သော လှေခါး ၉၉၉ ထစ်အား SUV ကားဖြင့်တက်ပြခဲ့သူ

ဟူနန်၊ မတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှိ ထျန်အန်းမင်တောင်ရှိ Heaven Gate တံခါးဝသို့ ဦးတည်သော မတ်စောက်သည့် လှေခါး ၉၉၉ ထစ်ရှိတောင်တက်လမ်းကို Formula E ကားပြိုင်ပွဲ ပြိုင်ကားမောင်းသူတစ်ဦး ဖြစ်သည့် တရုတ်-ဒတ်ချ် ကပြား Ho Pin Tung က Range Rover SUV ကားဖြင့် တောင်ထိပ်ထိရောက်အောင် မောင်းနှင်တက်ပြခဲ့သည်။ ထျန်အန်းမင်တောင်မှာ ဟူနန်ပြည်နယ်၊ ကျန်းကျဲကျီ အမျိုးသားသစ်တော်ဥယျာဉ်ရှိ avatarဇာတ်ကားရိုက်ကူးရာ တောင်များထဲတွင်အပါအဝင်ဖြစ်ပြီး ၄၅ ဒီဂရီမတ်ဆောက်သည့်တောင်တစ်တောင်ဖြစ်သည်။ အဆိုပါ ကားမောင်းစတန့်ကိုပြသခဲ့သူ Ho Pin Tung က ယခု ပြုလုပ်သည့်စတန့်မှာ ယခင်ကပြိုင်ပွဲဝင်ကာဆုရရှိခဲ့သည့် ဖော်မြူလာကားပြိုင်ပွဲများထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းပြီး စိန်ခေါ်မှုများနှင့်ရင်ဆိုင်ခဲ့ရသည့်ပွဲတစ်ပွဲဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.