Connect with us

Videos

USB stick ကို အသုံးပြုပြီး HIV ရောဂါ အဆင့် သတ်မှတ်မှု မိနစ် ၃ဝ အတွင်းပြုလုပ်နိုင်

လန်ဒန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

လန်ဒန်ရှိ Imperial College of London မှ သိပ္ပံပညာရှင်များသည် USB stick ကို အသုံးပြုပြီး HIV ရောဂါ အဆင့် သတ်မှတ်မှု မိနစ် ၃ဝ အတွင်းပြုလုပ်နိုင်ရန် စမ်းသပ်မှှုအောင်မြင်ခဲ့ကြသည်။ ၎င်းနည်းမှာ စမ်းသပ်ရန် လွယ်ကူပြီး မြန်ဆန်မှုလည်းရှိသည်။ စမ်းသပ်မှုကို ဦးဆောင်သူ Graham Cooke က ပြောကြားရာတွင် ထို စစ်ဆေးချက်၏ အဓိက ကျသောအချက်မှာ USB အတွင်းရှိ Chip ပြားများဖြစ်ကြောင်း၊ HIV ပိုးရှိပါက သွေးအတွင်းအက်ဆစ်ဓါတ် မှ တစ်ဆင့် အချက်ပေးကာ stick အတွင်းရှိ ချစ်ပ် ပြားများမှ လျှပ်စစ် လှိုင်းကိုထုတ်လွှတ်ပေးခြင်းဖြစ် ကြောင်း ထိုအချက်ပြ လျှပ်စစ်လှိုင်းကို ကွန်ပျူတာမှ ဖော်ပြနိုင်ပြီး အဖြေကို မိနစ် ၃ဝ အတွင်းထုတ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ သွေးနမူနာပေါင်း ၉၉၁ ခု ကို စစ်ဆေးခဲ့ပြီးနောက် ၉၅ ရာခိုင်နှုန်းမှာ တိကျသောအဖြေကို ထုတ်ပေးနိုင်ကြောင်းသိရသည်။ ထိုနည်းပညာဖြင့် အခြားသော ရောဂါများစွာကိုပါ စမ်းသပ်စစ်ဆေးနိုင်ရန်ကြိုးစားလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.