Connect with us

မြန်မာ-中文

တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၄၇ နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း ၃၂ ခုနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ဖော်ဆောင်ရေး စာရွက်စာတန်း ၂၀၀ ကျော် လက်မှတ်ရေးထိုးပြီးဖြစ်

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၄၇ နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း ၃၂ ခုနှင့် အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ”ပူးပေါင်းဖော်ဆောင်ရေး စာရွက်စာတန်း ၂၀၀ ကျော် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ကျန်းရှန်တုန်းက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ထိုနေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကျင်းရှန်တုန်းက “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းဖော်ဆောင်ရေး၏ မိတ်ဆွေသင်္ဂဟအသိုက်အဝန်းသည် ဆက်လက် ကြီးထွားလာကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ မှစတင်၍ တရုတ်နိုင်ငံသည် Sao Tome နှင့် Principe၊ ကျူးဘား၊ မော်ရိုကို၊ နီကာရာဂွါ၊ ဆီးရီးယားတို့နှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး ပူးပေါင်ဆောင်ရွက်မှုစာရွက်စာတန်းများကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် လာအိုနိုင်ငံ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့က “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းတည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းမှု ယန္တရားထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဥရောပ ရထားသည် အကြိမ်ရေမြင့်လည်ပတ်ခြင်းကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကျင်းရှန်တုန်းက မိတ်ဆက်ခဲ့သည်။၂၀၂၁ ခုနှစ် ဒီဇင်ဘာ အထိ တရုတ်-ဥရောပ ရထားသည် လပေါင်း ၂၀ ကျော်ဆက်တိုက် တစ်လလျှင် ရထားပေါင်း ၁၀၀၀ ကျော် ပြေးဆွဲနိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တရုတ်-ဥရောပ ရထားအစီးရေ ၁၅,၁၈၃ စီး၊ သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်း ကွန်တိန်နာပေါင်း ၁ ဒသမ ၄၆၄ ရှိခဲ့ရာ ပြီးခဲ့သည့်ကာလတူထက် ၂၂ ရာခိုင်နှုန်းနှင့် ၂၉ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့ကြောင်း၊ ကုန်ပစ္စည်းထည့်သွင်းထားသည့် ကွန်တိန်နာသည် ကွန်တိန်နာစုစုပေါင်း၏ ၉၈ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)

我国已与147个国家、32个国际组织签署200多份共建“一带一路”合作文件

2022-01-18 22:03:12 分类: 政治法律
国家发展改革委新闻发言人金贤东18日说,截至目前,我国已与147个国家、32个国际组织签署200多份共建“一带一路”合作文件。

金贤东在当天举行的新闻发布会上说,共建“一带一路”朋友圈继续扩大。2021年12月以来,我国分别与圣多美和普林西比、古巴、摩洛哥、尼加拉瓜、叙利亚签署了共建“一带一路”合作文件,国家发展改革委与老挝计划与投资部签署了关于建立共建“一带一路”合作工作协调机制的谅解备忘录。

他还介绍,中欧班列继续保持高位运行。截至2021年12月底,中欧班列已连续20个月单月开行千列以上。2021年全年,中欧班列共开行15183列,运送146.4万标箱,同比分别增长22%、29%,综合重箱率98.1%。(谢希瑶、闫依琳)
图说-2022年1月18日,海上丝绸之路起点泉州首次开行中欧班列。新华社记者魏培全摄