Europe
ရုရှားသံတမန်များအား နှင်ထုတ်ပြီးမှ နေတိုးက ဆွေးနွေးဖို့ စကားပြောလာခြင်းသည် “အဓိပ္ပါယ်မဲ့”ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

မော်စကို၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)
နေတိုးဆိုင်ရာ ရုရှားသံတမန်များကို နှင်ထုတ်ပြီးမှ လုံခြုံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်ဟူသော နေတိုး၏ ပြောကြားချက်သည် “လုံးဝအဓိပ္ပါယ်မဲ့”ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharovaက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ရုရှားသံတမန်များကို နေတိုးက နှင်ထုတ်သည့်တစ်ချိန်တည်းတွင်ပင် ရုရှားနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လိုကြောင်း ပြောကြားခဲ့ရာ ထိုလုပ်ဆောင်မှုက မည်သို့မျှ လက်တွေ့မဆန်ကြောင်း ၊ သံတမန်အရာရှိများကို နေတိုးသို့ စေလွှတ်ခြင်းသည် လုပ်ငန်းအဆင့်တွေ့ဆုံဆွေးနွေးရန်အတွက်ဖြစ်ကြောင်း Zakharovaက ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားသံတမန်များကို သူလျှိုလှုပ်ရှားမှုလုပ်ဆောင်သည်ဟူသော မည်သည့် သက်သေအထောက်အထားကိုမျှ နေတိုးဘက်မှ ပြသခြင်း မရှိဟု ဆိုသည်။ နေတိုး၏လုပ်ဆောင်မှုက ၎င်းနှင့်ရုရှားဆက်ဆံရေးကို သမိုင်းတွင် အနိမ့်ဆုံးအဆင့်ကို ကျဆင်းစေပြီး နေတိုး-ရုရှားကောင်စီကို လက်တွေ့တွင် မြေမြုပ်ပစ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုလ ၆ ရက်နေ့တွင် ရုရှားသံတမန် ၈ ဦး၏နေထိုင်ခွင့်ကို ရုပ်သိမ်းကြောင်း နေတိုးက ကြေညာခဲ့ပြီးနောက် ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်အရေအတွက်ကို ၂၀ ဦးမှ ၁၀ ဦး အထိ လျှော့ချခဲ့သည်။ သူလျှိုလုပ်ငန်းများလုပ်ဆောင်ခြင်းကြောင့် ရုရှားသံတမန် ၈ ဦးအား နှင်ထုတ်လိုက်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenbergက အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
နေတိုးအခြေစိုက် ရုရှားကိုယ်စားလှယ်အဖွဲ့၏ လုပ်ငန်းများကို နိုဝင်ဘာ ၁ ရက်တွင် ခေတ္တရပ်နားမည်ဖြစ်သလို မော်စကိုအခြေစိုက် နေတိုးစစ်ဘက်ဆိုင်ဆက်ဆံရေးရုံး၏ လှုပ်ရှားမှုများကိုလည်း ခေတ္တရပ်နားထားမည်ဖြစ်ပြီး ရုရှားနိုင်ငံရှိဘယ်လ်ဂျီယမ်သံရုံး၏ မော်စကိုအခြေစိုက်နေတိုး သတင်းပြန်ကြားရေးရုံး လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အောက်တိုဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ ၎င်းမှာ နေတိုး၏လုပ်ဆောင်ချက်ကို တန်ပြန်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ (Xinhua)
———————————————–
(English Version)
(国际)俄罗斯外交部:北约驱逐俄外交官后再谈对话“毫无意义”
2021-10-22 01:33:55
新华社莫斯科10月21日电(记者华迪)俄罗斯外交部发言人扎哈罗娃21日表示,北约方面在驱逐俄常驻北约外交官后声称准备与俄就安全问题进行对话,此举“毫无意义”。
扎哈罗娃在当天举行的新闻发布会上说,北约驱逐俄外交官的同时表示愿与俄进行对话,此举没有任何实际意义,因为这些外交官被派驻北约就是为了在工作层面开展对话。北约方面没有提供任何证据表明被驱逐的俄外交官从事了间谍活动。
扎哈罗娃表示,北约的举动使其与俄罗斯的关系降至历史最低点,并实际上“埋葬了”北约-俄罗斯理事会。
本月6日,北约宣布已撤销8名俄驻北约代表团成员的常驻资格,并再次削减俄代表团人员数量,从20人减至10人。北约秘书长斯托尔滕贝格7日说,北约此次驱逐8名俄常驻北约代表团成员,是因为他们从事间谍活动。
俄罗斯外长拉夫罗夫18日宣布,俄将从11月1日起暂停其常驻北约代表团的工作;同时将暂停北约驻莫斯科军事联络处的活动,并终止设在比利时驻俄大使馆的北约驻莫斯科信息处的活动。此举是对北约行动的回应。(完)
图说1:这是4月16日在俄罗斯首都莫斯科拍摄的俄罗斯外交部大楼。新华社发(叶甫盖尼•西尼岑摄)