Connect with us

မြန်မာ-中文

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen နှင့် အောက်တိုဘာ ၂၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
Eli Cohen က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် အစ္စရေး၏ ရပ်တည်ချက်နှင့် လုံခြုံရေး ဂရုပြုချက်များကို ပြောကြားခဲ့သည်။

ဝမ်ရိက လက်ရှိ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်မှုရှိရာ စစ်ပွဲနှင့်ငြိမ်းချမ်းရေးအကြား အရေးကြီးသည့် ရွေးချယ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခအရှိန်ဆက်လက်မြင့်တက်နေခြင်း၊ အခြေအနေများ ပို၍ဆိုးရွားလာခြင်းအပေါ် စိုးရိမ်မိကြောင်း၊ ပဋိပက္ခကြောင့် အရပ်သားအများအပြား သေဆုံးဒဏ်ရာရခဲ့ခြင်းကြောင့် ဝမ်းနည်းကြောင်း၊ မိမိတို့အနေဖြင့် အရပ်သားများအပေါ်ထိခိုက်သည့် လုပ်ရပ်မှန်သမျှကို ပြစ်တင်ရှုတ်ချသလို နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်မှန်သမျှကို ကန့်ကွက်ကြောင်း၊ နိုင်ငံတိုင်းတွင် မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိသော်လည်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားသင့်ပြီး အရပ်သားများ၏လုံခြုံရေးကို ကာကွယ်သင့်ကြောင်း၊ လက်ရှိ အရေးကြီးဆုံးမှာ ပို၍ဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေး မဖြစ်ပွားရအောင် အခြေအနေများထပ်ဆင့်တိုး တင်းမာမှုမရှိစေရန် တားဆီးရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဘုံလုံခြုံရေးအတွေးအခေါ်ကသာ စဉ်ဆက်မပြတ်လုံခြုံရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးကသာ အစ္စရေး၏ သင့်လျော်မှုရှိသော လုံခြုံရေး ဂရုပြုချက်ကို အပြီးဖြေရှင်းနိုင်မည် ဖြစ်သည်ကို ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ သံသရာ အဖန်တလဲလဲ ဖြစ်ပွားမှုမှ ရရှိသည့် သင်ခန်းစာတွင် အပြည့်အဝ ပြသခဲ့ပြီး ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။

ဝမ်ရိက “နှစ်နိုင်ငံ နည်းလမ်း” သည် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံသဘောထား ဖြစ်ရာ ပါလက်စတိုင်း-အစ္စရေး နှစ်ဦးနှစ်ဖက်အနေဖြင့် လက်ရှိနှင့်နောင်လာနောက်သားများ၏ ငြိမ်းချမ်းရေးလုံခြုံရေးဟူသော ရေရှည်အကျိုးစီးပွားရှုထောင့်မှ “နှစ်နိုင်ငံ နည်းလမ်း” လမ်းကြောင်းမှန်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေလိုကြောင်း၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ဆောင်ရွက်ကာ ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အာရပ်လူမျိုးနှင့် ဂျူးလူမျိုး သင့်မြတ်စွာနေထိုင်ရေးကို ဖော်ဆောင်စေလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပါလက်စတိုင်းအရေးတွင် မည်သည့် ကိုယ်ကျိုးစီးပွားမျှ မပါရှိကြောင်း၊ ပါလက်စတိုင်း ပြဿနာကို “နှစ်နိုင်ငံ နည်းလမ်း”တွင် အခြေခံ၍ ဘက်စုံမျှတစွာ ဖြေရှင်းစေလိုခြင်း၊ ဘက်ပေါင်းစုံ၏ သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက်များ အမှန်တကယ် ပြီးဆုံးအောင် ဖြေရှင်းနိုင်စေလိုခြင်းဖြစ်ရာ ငြိမ်းချမ်းရေးအတွက် အကျိုးရှိမည်ဆိုလျှင် တရုတ်နိုင်ငံအနေဖြင့် ခိုင်မာစွာ ထောက်ခံအားပေးသွားမည် ဖြစ်ပြီး ပါလက်စတိုင်း-အစ္စရေး သင့်မြတ်ရေးအတွက် အထောက်အကူပြုမည်ဆိုလျှင် တရုတ်နိုင်ငံအနေဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည။ (Xinhua)

………………………….
(Chinese Version)
王毅同以色列外长科恩通电话
新华社北京10月24日电10月23日,中共中央政治局委员、外交部长王毅同以色列外长科恩通电话。
科恩介绍了以方在巴以冲突上的立场和安全关切。
王毅说,当前巴以冲突牵动整个世界,涉及战争与和平的重大选择。中方对冲突持续升级、局势愈演愈烈深表担忧,对冲突造成大量平民伤亡深感痛心。我们谴责一切伤害平民的行为,反对任何违反国际法的行为。各国都有自卫权,但应遵守国际人道法,保护平民安全。当务之急是防止局势进一步升级,避免导致更严重的人道灾难。
王毅强调,巴以冲突循环往复的惨痛教训充分说明,只有秉持共同安全理念才能实现可持续安全,只有坚持政治解决方向才能彻底解决以方合理安全关切。“两国方案”是国际社会的共识,希望巴以双方从当下及子孙后代共享和平安全的长远利益出发,尽快回到“两国方案”的正确轨道上来,恢复和谈,实现巴以两个国家和平共存,实现阿拉伯和犹太两个民族和谐相处。
王毅表示,中方在巴勒斯坦问题上没有任何私利,真诚希望巴勒斯坦问题在“两国方案”基础上得到全面公正解决,各方合理安全关切也因此得到真正彻底解决。只要有利于和平,中方都将坚定支持;只要有助于巴以和解,中方就会尽力而为。王毅还希望以方采取有效措施保护在以中国公民和机构的安全。