Connect with us

China

မြန်မာနိုင်ငံ မြောက်ပိုင်း သက်ဆိုင်ရာဒေသရှိ တရားဥပဒေစိုးမိုးရေးဌာနများမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးသော ဆက်သွယ်ရေးအွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၃၁,၀၀၀ ဦး ရှိပြီဖြစ်

ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်း၌ တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့်အခြေအနေ ဆိုးဝါးနေသည့်အပေါ် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ယူနန် စသည့် ဒေသပြည်သူ့လုံခြုံရေးဌာနများအား နယ်စပ်ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် စီမံဆောင်ရွက်လျက်ရှိသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ မြောက်ပိုင်း သက်ဆိုင်ရာဒေသ တရားဥပဒေ စိုးမိုးရေးဌာနများမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးသော ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၃၁,၀၀၀ ရှိပြီ ဖြစ်သည်။ ၎င်းတို့အနက် နောက်ကွယ်မှ “ရင်းနှီးမြှုပ်နှံသူ”၊ အဖွဲ့ခေါင်းဆောင်၊ အမာခံအဖွဲ့ဝင် ၆၃ ဦး နှင့် အွန်လိုင်း တရားခံပြေး ၁,၅၃၁ ဦး ပါဝင်ခဲ့ရာ ပြစ်မှုတိုက်ဖျက်ရေးရလဒ် သိသာထင်ရှားသည့် အောင်မြင်မှု ရရှိခဲ့သည်။

ယခုနှစ် စက်တင်ဘာလမှစ၍ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန၏ လမ်းညွှန်မှုအောက်တွင် ရှစ်ဆောင်ပဏ္ဏား၊ ဖူအော်၊ လျင်ချန်း စသည့်ဒေသများရှိ ပြည်သူ့လုံခြုံရေးဌာနများသည် မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများနှင့်အတူ ပူးပေါင်း၍ ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ရာတွင် ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု ကျူးလွန်သည့် သံသယတရားခံများကို တရုတ်နိုင်ငံသို့ ဆက်တိုက်လွှဲပြောင်းပေးခဲ့သည်။

နိုဝင်ဘာလမှစ၍ ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို တွန်းအားပေးဆောင်ရွက်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဌာနသည် တရုတ်-မြန်မာ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးဆောင်ရွက်ခဲ့ရာ၌ မြန်မာနိုင်ငံ မြောက်ပိုင်း ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာတွင် ရလဒ်ကောင်းများ ရရှိခဲ့သည်။
တရုတ်ပြည်သူ့လုံခြုံရေးဌာနမှ ဖမ်းဝရမ်းထုတ်ထားသော မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့် ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု အဖွဲ့၏ အဓိကခေါင်းဆောင်များ ဖြစ်ကြသည့် မြီကော်ဖျင်း (Ming Guoping) ၊ မြီကျွီလန် (Ming Julan) နှင့် မြီကျိန်းကျိန်း (Ming Zhenzhen) တို့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ခေါင်းဆောင် မြီရှောက်ချန်း (Ming Xuechang)က ပြစ်ဒဏ်ကို ကြောက်လန့်၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံပြင်ပ၌ အခြေတည်နေသည့် လိမ်ညာမှုကျူးလွန်သည့်စခန်း အများအပြားကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ ရက်တွင် တက်ဟုန်းပြည်သူ့လုံခြုံရေးဌာန နယ်စပ်ဒေသ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးရေး ပူးပေါင်းဆောင်ရွက်မှုများသည် အရေးကြီးတိုးတက်မှုများ ရရှိခဲ့ရာ မြန်မာနိုင်ငံ မြောက်ပိုင်း မူဆယ်ဒေသ တရားဥပဒေစိုးမိုးရေးဌာနမှ တရုတ်နိုင်ငံသို့ ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှုကျူးလွန်သည့် သံသယတရားခံ ၅၇၁ ဦး လွှဲပြောင်းပေးခဲ့သည်။

မြန်မာနိုင်ငံ ဘက်ပေါင်းစုံ၏ပူးပေါင်းဆောင်ရွက်မှုအောက်တွင် လက်ရှိအချိန်အထိ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သော ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှုကျူးလွန်သည့် သံသယတရားခံ စုစုပေါင်း ၃၁,၀၀၀ ဦး ရှိပြီဖြစ်ရာ ပြစ်မှုဆိုင်ရာ ဒေသပြည်သူ့လုံခြုံရေးဌာနများက ထိန်းသိမ်းခေါ်ဆောင်သွားပြီ ဖြစ်ကြောင်းနှင့် ပြစ်မှုများကို စစ်ဆေး၍ ဥပဒေနှင့်အညီ ပြင်းထန်သည့် ပြစ်ဒဏ်များပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………..
(Chinese Version)
公安部:缅北相关地方执法部门共向我方移交电信网络诈骗犯罪嫌疑人3.1万名
记者11月21日从公安部获悉,针对当前缅北涉我电信网络诈骗犯罪严峻形势,公安部部署云南等地公安机关持续推进边境警务执法合作,连续开展多轮打击行动,截至目前,缅北相关地方执法部门共向我方移交电信网络诈骗犯罪嫌疑人3.1万名,其中幕后“金主”、组织头目和骨干63名,网上在逃人员1531名,打击工作取得显著战果。
今年9月以来,在公安部和云南省公安厅指挥部署下,西双版纳、普洱、临沧等地公安机关与缅甸相关地方执法部门开展边境警务执法合作,开展一系列打击行动,取得显著战果,一大批电信网络诈骗犯罪嫌疑人先后移交我方。我公安机关公开通缉的缅北果敢电信网络诈骗犯罪集团重要头目明国平、明菊兰、明珍珍被成功缉拿归案,首犯明学昌畏罪自杀,一大批境外诈骗窝点被成功铲除,狠狠打击了境外诈骗集团的嚣张气焰。11月18日,德宏公安机关边境警务执法合作取得重要突破,缅北木姐地区执法部门将571名电信网络诈骗犯罪嫌疑人陆续移交我方,对诈骗分子形成强大震慑。截至目前,在缅甸各方的大力配合下,累计3.1万名电信网络诈骗犯罪嫌疑人移交我方,并被涉案地公安机关陆续押回。公安机关将彻查其全部违法犯罪事实,坚决依法予以严惩。