Europe
“ကြေကွဲဖွယ်ဖြစ်ရပ်” ဖြစ်ပွားခဲ့သောကြောင့် အဇာဘိုင်ဂျန်ကို ပူတင် တောင်းပန်
မော်စကို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ရုရှားဘက်၏ အဆိုပြုချက်အရ ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်သည် ဒီဇင်ဘာ ၂၈ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ Ilham Aliyev နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ရုရှား ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်က ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဇာဘိုင်ဂျန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်၏ ရုရှားလေပိုင်နက်အတွင်း ဖြစ်ပွားခဲ့သော “ကြေကွဲဖွယ်ဖြစ်ရပ်” အတွက် ပူတင်က တောင်းပန်ခဲ့ပြီး သေဆုံးသူတို့၏ မိသားစုဝင်များထံ နက်ရှိုင်းစွာ နှစ်သိမ့်မေးမြန်းကြောင်း ထပ်လောင်း ပြောကြားခဲ့သည်
ဒီဇင်ဘာ ၂၅ ရက်တွင် အဇာဘိုင်ဂျန်မြို့တော် ဘာကူမြို့မှ ရုရှားနိုင်ငံ Grozny မြို့သို့ ပျံသန်းသော အဇာဘိုင်ဂျန်လေကြောင်းလိုင်းကုမ္ပဏီ၏ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ကာဇက်စတန်အနောက်ပိုင်းမြို့ Aktau မြို့အနီးဆင်ခြေဖုံးတွင် ပျက်ကျခဲ့သည်။ လေယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၆၂ ဦး၊ လေယာဉ်အမှုထမ်း ၅ ဦး ပါရှိရာ ယင်းတို့အနက် ၃၈ ဦးသေဆုံးခဲ့သည်။ “ပြင်ပရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ နှောင့်ယှက်မှု” သည် လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းတစ်ခုဖြစ်သည်ဟု အဇာဘိုင်ဂျန်လေကြောင်းလိုင်းကုမ္ပဏီက ဒီဇင်ဘာ ၂၇ ရက်က ကြေညာခဲ့သည်။
ပူတင်သည် Aliyev နှင့် ဒီဇင်ဘာ ၂၈ ရက်က ဖုန်းပြောဆိုခဲ့စဉ် အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ပျက်ကျမှုသည် ရုရှားလေပိုင်နက်အတွင်း၌ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ နှောက်ယှက်မှုခံခဲ့ရသည်နှင့်ပတ်သက်၍ တောင်းပန်ခဲ့ကြောင်း အဇာဘိုင်ဂျန်သမ္မတရုံးသတင်းရုံးက ယင်းနေ့က ထုတ်ပြန်ခဲ့သော သတင်းအရ သိရသည်။
အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ်သည် တိကျသောအချိန်ဇယားအတိုင်း ပျံသန်းခဲ့ပြီး ပျံသန်းမှုအတွင်း Grozny လေဆိပ်၌ ဆင်းသက်ရန် ကြိမ်ဖန်များစွာကြိုးစားခဲ့ကြောင်း ကရင်မလင်နန်းတော်၏ ဒီဇင်ဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့သောနှစ်နိုင်ငံခေါင်းဆောင်များဖုန်းခေါ်ဆိုမှုအကြောင်းအရာအရ သိရသည်။ ထိုစဉ်တွင် Grozny စသည့်နေရာများသည် ယူကရိန်း မောင်းသူမဲ့လေယာဉ်များ တိုက်ခိုက်မှု ခံနေရပြီး ရုရှားလေကြောင်းကာကွယ်ရေးစနစ်ကလည်း ပြန်လည်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ပျက်ကျခဲ့သော အဆိုပါခရီးသည်တင်လေယာဉ်သည် Grozny လေဆိပ်သို့ ဆင်းသက်မှုမှာ မအောင်မြင်ခဲ့ကြောင်း၊ ထို့နောက် ကာဇက်စတန်နိုင်ငံ Aktau လေဆိပ်သို့ ရှေ့ဆက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ နောက်ဆုံးတွင် Aktau ဆင်ခြေဖုံးတွင် ပျက်ကျခဲ့ကြောင်း ရုရှားလေကြောင်း စီမံခန့်ခွဲရေးဌာန၏ ယခင်သတင်းများအရ သိရသည်။
ရုရှား၏ စုံစမ်းစစ်ဆေးရေးကော်မတီသည် လေကြောင်းသွားလာရေးလုပ်ငန်းနှင့် လုပ်ငန်းလည်ပတ်မှု လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်ဟု သံသယဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။ သက်ဆိုင်သူများအား စစ်ဆေးမေးမြန်းလျက်ရှိသည်။
လက်ရှိတွင် အဇာဘိုင်ဂျန်အထွေထွေအစိုးရရှေ့နေရုံးချုပ်မှ ဝန်ထမ်းနှစ်ဦးသည် ရုရှာအစိုးရရှေ့နေရုံးချုပ်၊ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များနှင့် Grozny တွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ရုရှား၊ အဇာဘိုင်ဂျန်နှင့် ကာဇက်စတန်နိုင်ငံတို့မှ သက်ဆိုင်ရာဌာနများသည် ခရီးသည်တင်လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရန် အချင်းဖြစ်ပွားရာနေရာ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ (Xinhua)
………………………….
(Chinese Version)
俄罗斯:普京为发生“悲剧性事件”向阿塞拜疆致歉
新华社莫斯科12月28日电(记者江宥林)俄罗斯克里姆林宫网站28日发布消息说,应俄方提议,俄总统普京当天同阿塞拜疆总统阿利耶夫通电话。普京对阿塞拜疆航空公司客机在俄罗斯空域发生的“悲剧性事件”表示歉意,再次向遇难者家属表达深切慰问。
25日,阿塞拜疆航空公司一架从阿首都巴库飞往俄罗斯格罗兹尼的客机在哈萨克斯坦西部城市阿克套近郊坠毁。机上共有62名乘客、5名机组人员,其中38人丧生。阿塞拜疆航空公司27日宣布,“外部物理和技术干扰”是导致客机失事的一个因素。
据阿塞拜疆总统新闻局28日通报,普京当天在同阿利耶夫通话时,就阿塞拜疆航空公司失事客机曾在俄领空受到物理和技术干扰致歉。
根据克里姆林宫28日披露的两国领导人通话内容,阿塞拜疆客机按照准确的时间表飞行,期间曾多次试图降落在格罗兹尼机场。当时,格罗兹尼等地遭乌克兰无人机袭击,俄防空系统正进行反击。
据俄罗斯航空署此前消息,失事客机在格罗兹尼机场的降落均未成功,随后决定前往哈萨克斯坦阿克套机场。客机最终在阿克套近郊坠毁。
俄罗斯侦查委员会以涉嫌违反航空交通运行和运营安全规定立案调查。相关人员正在接受讯问。
目前,阿塞拜疆总检察院两名工作人员在格罗兹尼与俄总检察院、俄侦查委员会人员协作。俄罗斯、阿塞拜疆和哈萨克斯坦相关部门在事故现场配合展开客机失事调查。(完)
图说:这是12月25日在哈萨克斯坦阿克套市附近拍摄的坠机现场。新华社发(伊萨·塔任巴耶夫摄)