Connect with us

North America

ထရမ့်သည် သမ္မတအနေဖြင့် ၎င်း၏ “ပြည်သူ့ဝန်ထမ်း အပြုအမူများ” အပေါ် ကင်းလွတ်ခွင့် ရရှိကြောင်း အမေရိကန်နိုင်ငံ တရားရုံးချုပ် ဆုံးဖြတ်

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမေရိကန် ပြည်ထောင်စုတရားရုံးချုပ်၌ လူများစုဝေးနေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် “၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ရောက်စွက်ဖက်ခြင်း” နှင့် ပတ်သက်သည့် အမှုများတွင် ပြစ်မှုဆိုင်ရာ တရားစွဲဆိုခြင်းကို အတိုင်းအတာတစ်ခုအထိ ကင်းလွတ်ခွင့် ရရှိကြောင်း အမေရိကန်နိုင်ငံ တရားရုံးချုပ်က ဇူလိုင် ၁ ရက်တွင် ချမှတ်ခဲ့သည်။


ထို့နောက် လက်အောက် တရားရုံးအနေဖြင့် အဆိုပါအမှုကို ပြန်လည်သုံးသပ်ပြီး မည်သည့်လုပ်ရပ်များသည် တရားစွဲ၍မရသော “ပြည်သူ့ဝန်ထမ်း အပြုအမူများ” ဖြစ်သည်ကို အတည်ပြုပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံ တရားရုံးချုပ်တွင် တရားသူကြီး ၉ ဦးရှိပြီး ၆ ဦးမှာ ရှေးရိုးစွဲကွန်ဆာဗေးတစ်ဝါဒီဖြစ်ပြီး ၃ ဦးမှာ လွတ်လပ်သောလစ်ဘရယ်ဝါဒီများဖြစ်ကြောင်း၊ ရှေးရိုးစွဲကွန်ဆာဗေးတစ်မှ ၃ ဦးသည် ထရမ့် သမ္မတသက်တမ်းအတွင်း တင်မြှောက်ခဲ့သူများဖြစ်ကြောင်း၊ ထိုနေ့တွင် တရားသူကြီး ၉ ဦးသည် ထောက်ခံမဲ ၆ မဲနှင့် ကန့်ကွက်မဲ ၃ မဲဖြင့် ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။ ထရမ့်သည် ၎င်း၏သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် “ပြည်သူ့ဝန်ထမ်း အပြုအမူများ” အတွက်သာ ကင်းလွတ်ခွင့်ရှိသည်ဟု အကြံပြုချက်အများစုကို ကိုယ်စားပြုသော တရားသူကြီးချုပ် John Roberts က ပြောကြားခဲ့သည်။ (Xinhua)
…………………………………………………………
(Chinese Version)
美联邦最高法院裁定特朗普在“公职行为”上享有总统豁免权
新华社华盛顿7月1日电(记者熊茂伶)美国联邦最高法院1日裁定,前总统特朗普在涉嫌“干预2020年选举”的联邦案件中享有一定程度的刑事起诉豁免权,并指示下级法院重新考虑此案,确定哪些行为是不能被起诉的“公职行为”。
联邦最高法院现有9名大法官,6人为保守派,3人为自由派,保守派中有3人由特朗普在担任总统期间提名。当天9名大法官以6票赞成、3票反对的结果通过这一裁决。代表多数意见的首席大法官约翰·罗伯茨表示,特朗普仅对其作为总统在“公职行为”的职责范围内采取的行动享有豁免权。
图说:7月1日,人们在美国首都华盛顿的美国联邦最高法院前聚集。新华社发(亚伦摄)