Connect with us

Africa & Middle East

ဟားမက်စ် ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရမှုက ဒေသတွင်းအခြေအနေ အပြောင်းအလဲများကို ထပ်တိုးစေ

အီရန်နိုင်ငံ တီဟီရန်မြို့တွင် Ismail Haniyeh အား ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်/ဂျေရုဆလမ်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ နိုင်ငံရေးဗျူရိုခေါင်းဆောင် Ismail Haniyeh သည် ဇူလိုင် ၃၁ ရက် နံနက်အစောပိုင်းက အီရန်နိုင်ငံ မြို့တော်တီဟီရန်၌ လုပ်ကြံခြင်းခံခဲ့ရကြောင်း အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ထိုနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။ လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းကမျှ ဤလုပ်ကြံသတ်ဖြတ်မှုကို ပြုလုပ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

Haniyeh လုပ်ကြံခံရမှုမှာ အစ္စရေးက လုပ်ဆောင်နိုင်ခြေများကြောင်း ပြင်ပလူအများက ထင်ကြေး ပေးကြပြီး အချင်းဖြစ်ရပ်သည် အရှေ့အလယ်ပိုင်းတွင် ကွင်းဆက်အကျိုးသက်ရောက်မှု ဖြစ်နိုင်ကြောင်း၊ ယင်းမှာ ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး ဆွေးနွေးမှုအပေါ် ကြီးမားသော ရိုက်ခတ်မှု ဖြစ်ပြီး ဒေသတွင်းလုံခြုံရေး အခြေအနေအပေါ် ပို၍များပြားသော အပြောင်းအလဲများ ဖြစ်စေကြောင်း သုံးသပ်သူအချို့က ထောက်ပြကြသည်။

လုပ်ကြံသတ်ဖြတ်မှုကို ဘက်ပေါင်းစုံက ပြစ်တင်ရှုတ်ချ
အီရန်က အချင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြာင်း၊ စုံစမ်းစစ်ဆေးသည့်ရလဒ်ကို အမြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Haniyeh သည် ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် ကျင်းပသော အီရန်နိုင်ငံ သမ္မတ ပါဇက်ရှ်ကီရမ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် တီဟီရန်မြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။ Haniyeh သည် တီဟီရန်မြို့ရှိ ၎င်း နေထိုင်ရာနေရာ၌ တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် ၎င်း၏ ကိုယ်ရံတော်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ပြောကြားခဲ့သည်။

Haniyeh ကို တိုက်ခိုက်မှုသည် “သူရဲဘောကြောင်သည့်လုပ်ရပ်” ဖြစ်ကြောင်း ဟားမက်စ်ဘက်က ကြေညာချက် ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချခဲ့သလို တိုက်ခိုက်သူများအား လက်စားချေသွားမည်ဟု ကျိန်ဆိုကြောင်း ပြောကြားခဲ့သည်။ လုပ်ကြံသတ်ဖြတ်မှုက “ဆိုးရွားတဲ့ အရှိန်မြှင့်တင်မှုလုပ်ရပ်ဖြစ်တယ်” ဟု ဟားမက်စ် အဆင့်မြင့်အရာရှိ Sami Abu Zuhri က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပါလက်စတိုင်း သမ္မတ Mahmoud Abbas က ယင်းလုပ်ကြံသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပြီး အဖွဲ့အသီးသီးအနေဖြင့် စည်းလုံးညီညွတ်ရန်နှင့်စိတ်ရှည်သည်းခံကြရန်၊ အစ္စရေး၏ နယ်မြေသိမ်းပိုက်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်ကြရန် တိုက်တွန်းခဲ့သည်။ ပါလက်စတိုင်း ဂိုဏ်းဂနအဖွဲ့အသီးသီးကလည်း သပိတ်မှောက်ကြရန်နှင့် လူထုဆန့်ကျင်ဆန္ဒပြပွဲများ လုပ်ဆောင်ကြရန် နှိုးဆော်တိုက်တွန်းမှုများ ရှိနေပေသည်။

ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mikhail Bogdanov က အချင်းဖြစ်ရပ်မှာ ”လုံးဝလက်ခံလို့မရတဲ့ နိုင်ငံရေး လုပ်ကြံမှုဖြစ်ပြီး အခြေအနေတင်းမာမှုတွေကို ထပ်ဆင့် အရှိန်အဟုန် တိုးမြင့်စေလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ “အဓိပတိ တော်လှန်ရေး ကောင်စီ” ဥက္ကဋ္ဌ Mohammed Ali al-Houthi က Haniyeh ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ “ဒေါသထွက်ဖွယ် အကြမ်းဖက် ရာဇဝတ်မှု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အချင်းဖြစ်ရပ်အပေါ် မည်သို့ တုံ့ပြန်ကိုင်တွယ်ရမည်ကို ဆွေးနွေးရန် အီရန်လုံခြုံရေးဌာနက အစည်းအဝေးကျင်းပသွားမည်ဖြစ်ကြောင်း မီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

အီရန်တွင် Haniyeh လုပ်ကြံခံရမှုသတင်းကို အမေရိကန်အနေဖြင့် ဂရုပြုမိသည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သော်လည်း ထို့အပေါ် သုံးသပ်ဝေဖန်ရန် ငြင်းဆိုခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီ ၂ ရက်တွင် လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ် တောင်ဘက်ဆင်ခြေဖုံးရှိ ဟားမက်စ်ရုံးကို အစ္စရေးတို့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ဟားမက်စ် နိုင်ငံရေးဗျူရို ဒုတိယ အကြီးအကဲ Saleh Al-Arouri အပါအဝင် လူ ၆ ဦး သေဆုံးခဲ့သည်။

အစ္စရေး၏ တုံ့ပြန်ဖြေကြားမှု မရှိသေး
အစ္စရေးစစ်တပ်က Haniyeh လုပ်ကြံသတ်ဖြတ်မှုအပေါ် တုံ့ပြန်ဖြေကြားမှုမရှိသေးကြောင်း သတင်းမီဒီယာ အများအပြား၏ ဖော်ပြချက်များအရ သိရသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ရုံးက အစိုးရအဖွဲ့ဝင်များကို အချင်းဖြစ်ရပ်အပေါ် မှတ်ချက်မပေးရန် ညွှန်ကြားထားကြောင်း အစ္စရေးမီဒီယာ၏ သတင်းများတွင် ဖော်ပြထားသည်။

အစ္စရေးသည် ယခင်က ဒေသတွင်းနိုင်ငံများတွင် တိုက်ခိုက်မှု သို့မဟုတ် လုပ်ကြံသတ်ဖြတ်မှု လုပ်ဆောင်ပြီးလျှင် အသံထွက်လေ့မရှိကြောင်း၊ Haniyeh လုပ်ကြံသတ်ဖြတ်မှုအပေါ် အစ္စရေး အသံတိတ်နေခြင်းမှာ ယင်းအစဉ်အလာကို ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း The Washington Post စသည့် သတင်းမီဒီယာများက သုံးသပ်ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ဟားမက်စ် လက်နက်ကိုင် အထူးသဖြင့် အဆင့်မြင့်ခေါင်းဆောင်များကို “ပစ်မှတ်ထား ရှင်းလင်းခြင်း” အား လက်ရှိအပိုင်းအခြားတွင် အဓိကတာဝန်အဖြစ် ရှုမြင်ပြီး ထိုသို့လုပ်ဆောင်မှုများကလည်း ပို၍ ထင်ရှားလာကြောင်း ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာရှင် Yonatan Freeman က ဆင်ဟွာကို ပြောသည်။

Haniyeh သည် ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် ကာလကြာရှည် လှုပ်ရှားမှုရှိကြောင်း၊ အစ္စရေးနှင့် ကာတာ ကြားတွင် တိတ်တဆိတ်သဘောတူညီချက် တစ်ခုခု ရှိရာ Haniyeh ကာတာ၌ ရှိသည့် ကာလအတွင်း အစ္စရေးက လုပ်ဆောင်မည်မဟုတ်ကြောင်း၊ မကြာသေးမီက Haniyeh တီဟီရန်သို့ သွားရောက်ခြင်းက အစ္စရေးအတွက် အခွင့်အရေးဖြစ်စေကြောင်း နင်းရှတက္ကသိုလ် တရုတ်နိုင်ငံ၏ အာရပ်နိုင်ငံများ သုတေသနဌာန အမှုဆောင်ဒါရိုက်တာ နျိုရှင်းချွန်းက သုံးသပ်ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် အမေရိကန်နှင့် အီရန် ကြား ရန်လိုသော ဆက်ဆံရေးကို တစ်ဆင့်တိုး နက်ရှိုင်းအောင် ဆောင်ရွက်မည့် ရည်ရွယ်ချက် ရှိနိုင်သည်ဟု အမေရိကန် Think Tank အဖွဲ့ဖြစ်သည့် Quincy Institute for Responsible Statecraft ၏ ပူးတွဲတည်ထောင်သူ Trita Parsi က ယူဆသည်။ Masoud Pezeshkian က အီရန်သမ္မတ တာဝန်ထမ်းဆောင်မည့်အချိန်တွင် Haniyeh ကို အစ္စရေးလုပ်ကြံကြောင်း မှန်ကန်ပါက “Masoud Pezeshkian ရဲ့ အမေရိကန်နဲ့ သံတမန်အဆက်အသွယ် ထိန်းသိမ်းရန် ကြိုးပမ်းမှုအလားအလာကို အစ္စရေးက ဟန့်တားဖြတ်တောက်လိုက်ခြင်းဖြစ်တယ်” ဟု Trita Parsi က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ခက်သည်ထက်ပို၍ ခက်ခဲလာ
ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေးနှင့် ထိန်းသိမ်းထားသူများ ပြန်လည်လွှတ်ပေးရေး ဆိုင်ရာ ပါလက်စတိုင်းနှင့် အစ္စရေး ဆွေးနွေးမှုသည် လပေါင်းများစွာ ရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ လက်တွေ့တိုးတက်မှုမရှိသေးပေ။ ယခုအကြိမ် Haniyeh သေဆုံးမှုက ဂါဇာအပစ်ရပ်ရေးဆွေးနွေးမှုကို ကျဉ်းထဲကျပ်ထဲ ကျရောက်စေနိုင်မည်ဟု သုံးသပ်သူများက ယူဆကြသည်။

ဟားမက်စ်၏ နိုင်ငံတကာဆက်ဆံရေးကဏ္ဍကို Haniyeh က ချုပ်ကိုင်ထားခြင်းဖြစ်ရာ ဂါဇာအပစ်ရပ်ရေးဆွေးနွေးမှုတွင် အချက်အချာကျသည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်း အမေရိကန် Axios News ဝက်ဘ်ဆိုက်၏ သတင်းတွင် ပြောကြားခဲ့သည်။
Haniyeh သည် ယခုနှစ်အစောပိုင်းတွင် တူရကီသို့သွားရောက်ခဲ့ပြီး တူရကီ သမ္မတ အာဒိုဂန် နှင့် ဂါဇာအပစ်ရပ်ရေး ဆွေးနွေးခဲ့သည်။ ထာဝရ အပစ်ရပ်ရေး၊ အစ္စရေးစစ်တပ်ရုပ်သိမ်းရေး ၊ အိုးအိမ်မဲ့ ပါလက်စတိုင်းသားများ နေရပ်ပြန်နိုင်ရေး၊ လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိ ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခွင့်ရှိရေးတို့ ဖြစ်သော ဟားမက်စ်၏ ဆွေးနွေးမှုတောင်းဆိုချက်များကို Haniyeh က ပြည်ပသို့ ရှင်းလင်းပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလတွင် Haniyeh ၏ သား၊မြေး ၇ ဦးသည် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်။ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားပြီးနောက် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတွင် ၎င်း၏ မိသားစုဆွေမျိုး ၆၀ ခန့် သေဆုံးခဲ့ကြောင်း၊ သို့သော် ယင်းဖြစ်ရပ်က ဂါဇာအပစ်ရပ်ရေး ဟားမက်စ်၏ရပ်တည်ချက်ကို ပြောင်းလဲစေမည်မဟုတ်ကြောင်း Haniyeh က မီဒီယာများကို ယခင်က ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် ဂါဇာအပစ်ရပ်ရေးဆွေးနွေးမှုအတွက် မရေရာမှုများ ပို၍ တိုးပွားလာစေမည်ဖြစ်ပြီး ဟားမက်စ်ဘက်က ဆွေးနွေးမှုမှ နုတ်ထွက်နိုင်သည်ဟု နျိုရှင်းချွန်း က ယူဆပေသည်။ ထို့အပြင် ယခုကာလများတွင် အစ္စရေးက ယီမင်နှင့် လက်ဘနွန်ကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့်ရက်ပိုင်းက ဟစ်ဇ်ဘိုလာ စစ်ဦးစီးချုပ်နှင့် မဟာဗျူဟာတပ်ဖွဲ့ တာဝန်ခံတို့ ဗုံးကြဲမှုတစ်ခုတွင် သေဆုံးခဲ့ခြင်း၊ Haniyeh လုပ်ကြံခံရခြင်း တို့က ဒေသတွင်းအခြေအနေများကို ထပ်ဆင့်တိုး တင်းမာစေသည်။

ယခုအခါ အသစ်တစ်ဖန် ဖြစ်ပွားသည့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၏ ပြင်ပသို့ ယိုလျှံသက်ရောက်မှုသည် နေ့စဉ်နှင့်အမျှ ထင်ရှားလာရာ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ် စသည့် ဒေသတွင်းနိုင်ငံများကို ရိုက်ခတ်မှု ရှိလာပေသည်။ မကြာသေးမီက ဖြစ်ပွားသော လုပ်ကြံသတ်ဖြတ်မှု နှစ်ခုတွင် တစ်ခုက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ ဖြစ်ပြီး တစ်ခုမှာ တီဟီရန်၌ ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ ဂါဇာအပစ်ရပ်ရေး အခွင့်အလမ်းကို ဖျက်ဆီးလိုက်ရုံသာမက အရှေ့အလယ်ပိုင်းဒေသကို ကပ်ဘေးအသွင် ဒေသတွင်းစစ်ပွဲအဖြစ်သို့ တွန်းပို့လိုက်ခြင်း ဖြစ်ကြောင်း Johns Hopkins တက္ကသိုလ် အရှေ့အလယ်ပိုင်းနှင့် နိုင်ငံတကာရေးရာ ပါမောက္ခ Vali Nasr က ထောက်ပြ ပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
国际观察|哈马斯领导人遭暗杀 地区局势再添变数
新华社德黑兰 / 耶路撒冷7月31日电 伊朗伊斯兰革命卫队7月31日证实,巴勒斯坦伊斯兰抵抗运动(哈马斯)政治局领导人伊斯梅尔·哈尼亚当天凌晨在伊朗首都德黑兰遭暗杀身亡。截至目前,尚无任何方面声称制造了这起暗杀事件。
分析人士指出,外界猜测哈尼亚遭暗杀大概率是以色列所为,该事件可能将在中东引发连锁反应,对加沙地带停火谈判造成重大冲击,并给地区安全局势带来更多变数。
多方谴责暗杀事件
伊朗方面表示,正在对这起事件进行调查,调查结果将很快公布。据报道,哈尼亚此次前往德黑兰是为出席30日下午举行的伊朗总统佩泽希齐扬宣誓就职仪式。伊朗伊斯兰革命卫队表示,哈尼亚在其位于德黑兰的住所被袭,同时遇害的还有他的一名保镖。
哈马斯方面发表声明谴责对哈尼亚的袭击是“懦弱行为”,并发誓将对袭击方进行报复。哈马斯高级官员萨米·阿布·祖赫里在接受媒体采访时说,暗杀是“严重的升级行为”。
巴勒斯坦总统阿巴斯强烈谴责这一暗杀行为,呼吁各派保持团结和耐心,坚决反抗以色列的占领。巴多个派别还呼吁举行罢工和大规模抗议活动。
俄罗斯副外长米哈伊尔·波格丹诺夫表示,这起事件是“一起绝对不可接受的政治谋杀,将导致紧张局势进一步升级”。也门胡塞武装“最高革命委员会”主席穆罕默德·阿里·胡塞表示,将哈尼亚作为袭击目标是“令人发指的恐怖主义罪行”。另据媒体报道,伊朗安全部门将召开会议讨论如何回应此事。
美国有线电视新闻网报道说,白宫发言人表示美方已注意到哈尼亚在伊朗被暗杀的消息,但拒绝发表评论。
今年1月2日,以色列使用无人机袭击黎巴嫩首都贝鲁特南郊的哈马斯办公室,导致哈马斯政治局副主席萨利赫·阿鲁里等6人死亡。
以色列尚未回应
据多家媒体报道,以色列军方尚未就哈尼亚遭暗杀一事作出回应。另据以色列媒体报道,以总理内塔尼亚胡办公室已要求内阁成员不要就此事发表评论。
美国《华盛顿邮报》等多家媒体分析说,以色列此前在地区国家境内实施袭击或暗杀行动后通常都不作声张,以方在哈尼亚遭暗杀后保持沉默延续了这一惯例。
耶路撒冷希伯来大学国际关系专家约纳坦·弗里曼对新华社记者说,以军将“定点清除”哈马斯武装人员尤其是高层领导人视为当前阶段的重点任务,且表现得愈加明显。
宁夏大学中国阿拉伯国家研究院执行院长牛新春分析说,哈尼亚长期在卡塔尔首都多哈活动,以色列与卡塔尔达成某种默契,哈尼亚在卡塔尔期间以色列不会动手。而哈尼亚近日前往德黑兰使以方有了下手的机会。
美国智库昆西治国方略研究所联合创始人特里塔·帕尔西则认为以色列或许有进一步加深美伊敌对关系的意图。帕尔西在社交媒体上表示,在佩泽希齐扬就任之际,如果确实是以色列暗杀了哈尼亚,“那么以方已扼杀了佩泽希齐扬试图与美方维持外交接触的前景”。
停火谈判难上加难
巴勒斯坦方面与以色列围绕加沙地带停火及释放被扣押人员的相关谈判已持续数月,但至今未取得切实进展。分析人士认为,此次哈尼亚遇袭身亡,恐令加沙停火谈判陷入僵局。
美国阿克西奥斯新闻网站报道说,哈尼亚掌管着哈马斯的国际关系事务,在加沙停火谈判中发挥关键作用。
哈尼亚今年早些时候曾前往土耳其,与土总统埃尔多安讨论加沙停火谈判事宜。哈尼亚曾对外阐述哈马斯的谈判诉求,即永久停火、以方撤军、让流离失所的巴勒斯坦人重返家园、允许人道主义援助畅通无阻地进入加沙地带。
今年4月,哈尼亚的子孙7人在加沙地带北部死于以军空袭。哈尼亚当时对媒体说,本轮巴以冲突爆发后,他已有大约60名亲属死于以军袭击,但这不会改变哈马斯在加沙停火谈判中的立场。
牛新春认为,这起袭击事件将给加沙停火谈判带来更多不确定性,哈马斯方面可能会因此退出谈判。此外,以色列近期先后空袭也门和黎巴嫩,日前又炸死真主党军事指挥官兼战略部队负责人,哈尼亚遭暗杀事件将导致地区局势进一步趋紧。
如今,新一轮巴以冲突的外溢效应日益明显,波及黎巴嫩、叙利亚、伊拉克等多个地区国家。美国约翰斯·霍普金斯大学中东和国际问题教授瓦利·纳斯尔指出,最近这两起暗杀事件,一起发生在黎巴嫩贝鲁特,一起发生在德黑兰,不仅扼杀了加沙地带停火的机会,还可能将中东推向一场灾难性的地区战争。
1. 这是7月30日在伊朗德黑兰拍摄的伊斯梅尔·哈尼亚(中)。新华社记者沙达提摄