Connect with us

Europe

ယူကရိန်းနိုင်ငံ Kharkiv မြို့တွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

ယူကရိန်းနိုင်ငံ Kharkiv မြို့ရှိ ၁၂ ထပ်တိုက်အဆောက်အဦတစ်လုံးအား ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်မီးလောင်ကျွမ်းနေသည်ကိုဩဂုတ် ၃၀ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
ရုရှားစစ်တပ်က Kharkiv မြို့ကို သြဂုတ် ၃၀ ရက်တွင် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် ၂၀ ကျော်မှာ ဒဏ်ရာပြင်းထန်ကြောင်း ယူကရိန်းနိုင်ငံ Kharkiv ပြည်နယ် စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးမှူး Oleg Synegubov က သြဂုတ် ၃၁ ရက် နံနက်အစောပိုင်း၌ လူမှုကွန်ရက်ပေါ်ရေးသားဖော်ပြခဲ့သည်။

Belgorod မြို့ရှိ ရုရှားစစ်တပ်သည် ဩဂုတ် ၃၀ ရက်၌ Glide bomb များဖြင့် Kharkiv မြို့ကို လေကြောင်း တိုက်ခိုက်မှုငါးကြိမ် ပြုလုပ်ခဲ့ရာ ယင်းမြို့ရှိ ၁၂ ထပ်တိုက်တစ်လုံးနှင့် ဂိုဒေါင်တစ်လုံး စသည့် အဆောက်အဦများကို ထိမှန်ခဲ့ကြောင်း Synegubovက ပြောကြားခဲ့သည်။ ထို့ပြင် ဩဂုတ် ၃၁ ရက် နံနက်အစောပိုင်းအထိ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၅၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရုရှားစစ်တပ်သည် Kursk မျက်နှာစာတွင် ယူကရိန်းစစ်တပ် တပ်ရင်းတစ်ခုအား ပြင်းထန်စွာ ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိတွင် နှစ်ဖက်သည် အဆိုပါ မျက်နှာစာရှိ တိုက်ခိုက်မှုလမ်းကြောင်းပြောင်းလဲခြင်းမရှိကြောင်း၊ ယူကရိန်းစစ်တပ်သည် ရုရှားစစ်တပ် တပ်စွဲထားသည့် နယ်မြေဆီသို့ ချီတက်ရန် ကြိုးပမ်းခဲ့သော်လည်း ကြီးမားသော ဆုံးရှုံးမှု ခံစားခဲ့ရပြီး သံချပ်ကာယာဉ်များ အပါအဝင် ယူကရိန်း စစ်တပ်သုံး စက်ကိရိယာအချို့ပျက်စီးခဲ့ကြောင်း ထိုနေ့တွင်ပင် ရုရှားတပ်မတော် စစ်ရေး၊ နိုင်ငံရေး ဌာနချုပ် လက်ထောက်ညွှန်ကြားရေးမှူး AptyAlaudinov က လူမှုမီဒီယာပေါ် ရေးသားဖော်ပြခဲ့သည်။(Xinhua)


…………………………………………
(Chinese Version)
乌哈尔科夫市遭炸弹袭击至少6人死亡
新华社基辅8月31日电(记者李东旭)乌克兰哈尔科夫州军事行政长官西涅古博夫8月31日凌晨在社交媒体发文说,俄罗斯军队30日空袭了哈尔科夫市,已造成至少6人死亡、59人受伤,其中20余人伤势严重。
西涅古博夫说,位于别尔哥罗德州的俄军30日使用滑翔炸弹对哈尔科夫市发动了五轮空袭,该市一栋12层大楼和一座仓库等建筑被击中。截至31日凌晨,袭击已造成至少6人死亡、59人受伤。
同日,俄罗斯武装力量军事政治总局副局长阿劳季诺夫在社交媒体上发文说,俄军在库尔斯克方向重创了乌军的一个营,目前双方在这一方向的接触线没有变化,乌军试图向俄军驻守的地区推进,但遭受重大损失,包括装甲车在内的一些乌军装备被摧毁。(完)
图说:8月30日,乌克兰哈尔科夫市一栋12层建筑遭滑翔炸弹袭击后起火。