Connect with us

မြန်မာ-中文

ရုရှားအပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့မှုများ ဖော်ဆောင်ရန် “ပြင်းပြင်းထန်ထန် ထည့်သွင်းစဉ်းစား” မည်ဟု ထရမ့် ဆို

ရုရှားနိုင်ငံ မြို့တော် မော်စကို၏ မြို့ပြရှုခင်းကို ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၇ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ရုရှားအပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့မှုများ ဖော်ဆောင်ရန် စဉ်းစား လျက်ရှိကြောင်း မတ် ၇ ရက်တွင် ၎င်း တည်ထောင်ထားသော “Truth Social” ပလက်ဖောင်း၌ ရေးသားဖော်ပြခဲ့သည်။

ထရမ့်က ရုရှားအနေဖြင့် လက်ရှိ စစ်မြေပြင်တွင် ယူကရိန်းအပေါ် “အပြင်းအထန် တိုက်ခိုက်” နေခြင်းကြောင့် ၎င်းသည် အပစ်အခတ်ရပ်စဲရေးနှင့် နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေးအတွက် ရုရှားအား ဖိအားပေးရန် ဘဏ်လုပ်ငန်းများအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့မှုများနှင့် စည်းကြပ်ခွန် တိုးမြှင့်ခြင်းများ ဖော်ဆောင်ရန် ပြင်းပြင်းထန်ထန် စဉ်းစားလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထရမ့်က ရုရှားနှင့် ယူကရိန်းတို့အား “စေ့စပ်ညှိနှိုင်းရေး စားပွဲသို့ လာရောက်ရန်” လည်း တိုက်တွန်းခဲ့သည်။

အမေရိကန်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးနိုင်ဖွယ်ရှိသော အစီအစဉ် ရေးဆွဲလျက်ရှိကြောင်း ယခုသီတင်းပတ် အစောပိုင်းတွင် သတင်းအရင်းအမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက သတင်း၌ ဖော်ပြခဲ့သည်။ အိမ်ဖြူတော်က ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် အလားအလာရှိသည့် ရည်မှန်းထားသောစာရင်းတစ်ခု ရေးဆွဲပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို တောင်းဆိုထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ပိတ်ဆို့အရေးယူမှုရေးရာတာဝန်ယူသည့်ဌာနများသည် ရုရှား၏ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တချို့အပေါ် ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေးအဆိုပြုချက် မူကြမ်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အမေရိကန်က စွမ်းအင်၊ ဘဏ္ဍာရေး စသည့် ကဏ္ဍများတွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အများအပြားလုပ်ဆောင်ခဲ့သည်။ (Xinhua)

………………..
(Chinese Version)
特朗普称“强烈考虑”对俄实施大规模制裁
新华社华盛顿3月7日电 美国总统特朗普7日在其创建的“真实社交”平台上发文称,他考虑对俄罗斯实施大规模制裁。
特朗普说,鉴于俄罗斯目前在战场上“猛烈打击”乌克兰,他强烈考虑对俄实施包括针对银行业在内的大规模制裁以及加征关税,以向其施压达成停火和最终和平协议。特朗普还敦促俄罗斯和乌克兰“坐到谈判桌上”。
本周早些时候,路透社曾援引消息人士的话报道称,美国正拟定计划,可能放松对俄罗斯的制裁。白宫已要求美国国务院和财政部拟定一份可能解除制裁的目标清单。负责制裁事宜的部门正就解除对俄一些实体和个人的制裁起草建议。
过去几年中,美国在能源、金融等领域对俄罗斯实施大规模制裁。(完)
图说:这是2024年5月11日在俄罗斯首都莫斯科拍摄的城市风景。新华社发(亚历山大摄)