International Organizations
ဂူတာရက်စ်က ပါကစ္စတန်၊ အိန္ဒိယတို့အား သီးခြားစီဖုန်းဖြင့်ဆက်သွယ်၍ အခြေအနေတင်းမာမှုအပေါ် များစွာ စိုးရိမ်ပူပန်ကြောင်း ပြောကြား

ကုလသမဂ္ဂ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ဧပြီ ၂၉ ရက်တွင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif ၊ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့နှင့် သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့၏ တစ်နေ့တခြားပြင်းထန်လာသော တင်းမာမှု အခြေအနေအပေါ် များစွာ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်ဟု ဂူတာရက်စ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ဂူတာရက်စ်က အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအား ထပ်မံ အပြင်းအထန် ရှုတ်ချခဲ့ကြောင်း၊ တရားမျှတမှုအား ဖော်ဆောင်ရန်အတွက် တရားဝင်နည်းလမ်းဖြင့် အဆိုပါတိုက်ခိုက်မှုကို အရေးယူရန် အလေးထားပြောကြားခဲ့ကြောင်း Stephane Dujarric က ထိုနေ့တွင်ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဝမ်းနည်းဖွယ်ရလဒ်ဖြစ်စေနိုင်သည့် အတိုက်အခံပြုလုပ်မှုအား မဖြစ်မနေရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အခြေအနေပြေလျော့လာစေရန် ကြိုးပမ်းမှုများအား ထောက်ခံအားပေးရန်အတွက် ကြားဝင်စေ့စပ်လိုကြောင်းလည်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
၇၉ ကြိမ်မြောက် ကုသလမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Philémon Yang က အိန္ဒိယနှင့် ပါကစ္စတန်အကြား အကြမ်းဖက်မှု အရှိန်မြင့်တက်လာမှုအပေါ် များစွာ စိုးရိမ်ပူပန်မိကြောင်း၊ မည်သည့်အခြေအနေတွင်မဆို အရပ်သားပြည်သူများအပေါ် ဦးတည်သည့် တိုက်ခိုက်မှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ တရားနည်းလမ်းမကျကြောင်း အလေးထားပြောကြားခဲ့သည်ဟု Philémon Yang ၏ ပြောခွင့်ရပုဂ္ဂိုလ် Sharon Birch က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး သံတမန်ရေးနည်းလမ်းဖြင့် အငြင်းပွားမှုများအား ဖြေရှင်းရန်လည်း Philémon Yang က တိုက်တွန်းခဲ့သည်။
အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ဧပြီ ၂၂ ရက်က ခရီးသွားဧည့်သည်များအပေါ် ဦးတည်သည့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူအများအပြား ဒဏ်ရာရသေဆုံးခဲ့သည်။ ထို့နောက် အိန္ဒိယနှင့် ပါကစ္စတန် နှစ်ဖက်လုံးက တင်းမာသောအစီအမံများ လုပ်ဆောင်ခဲ့သဖြင့် အခြေအနေ အရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
#UN #India #Pakistan #Concern #ကုလသမဂ္ဂ #အိန္ဒိယ #ပါကစ္စတန် #စိုးရိမ်ပူပန်မှု
————————————————
(Chinese Version)
古特雷斯与巴印双方分别通话 对紧张局势深表担忧
新华社联合国4月29日电(记者潘云召)联合国秘书长古特雷斯的发言人迪雅里克29日说,古特雷斯当天分别与巴基斯坦总理夏巴兹和印度外长苏杰生通电话,对印巴日益加剧的紧张局势深表担忧。
迪雅里克在当天的例行记者会上说,古特雷斯再次强烈谴责4月22日发生在印控克什米尔地区的恐怖袭击,强调必须通过合法手段追究这些袭击的罪责并伸张正义。古特雷斯表示,必须避免可能导致悲剧性后果的对抗,他愿意进行斡旋,以支持缓和局势的努力。
第79届联大主席菲勒蒙·扬的发言人莎伦·伯奇在记者会上表示,菲勒蒙·扬对印巴之间暴力升级深感担忧,强调在任何情况下针对平民的袭击都是不可接受的,是不合理的。菲勒蒙·扬呼吁双方保持最大限度的克制,并通过外交手段解决争端。
4月22日,印控克什米尔地区发生针对游客的枪击事件,造成重大人员伤亡。随后印度与巴基斯坦均采取强硬措施,引发局势升级。(完)
图说:4月8日,在位于纽约的联合国总部,联合国秘书长古特雷斯出席记者会。新华社发(联合国供图/埃文·施耐德摄)