Connect with us

မြန်မာ-中文

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရားရုံးက “ထိုင်ဝမ် လွတ်လပ်ရေး” ခေါင်းမာသူများနှင့် ဆက်စပ်အဖွဲ့အစည်းများအပေါ် ပြစ်ဒဏ်ကြေညာ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်းအား ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

“ထိုင်ဝမ် လွတ်လပ်ရေး” ခေါင်းမာသူများနှင့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် “ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်း” ၊ “နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း” တို့သည် “ဒီမိုကရေစီ”နှင့် “ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး” အမည်ခံဖြင့် နိုင်ငံတကာအသိုက်အဝန်း၌ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်သည့် လှုပ်ရှားမှုကို အကြီးအကျယ် လုပ်ဆောင်နေခြင်း၊ တရုတ်ပြည်မကြီးအား တိုက်ခိုက်အပုပ်ချရန် တရုတ်ဆန့်ကျင်ရေးပြင်ပအင်အားစုများကို အစွမ်းကုန်စုရုံးခြင်း၊ ရွှေ၊ ငွေ ဓနအင်အား စသည်ဖြင့် ဖြားယောင်းကာ ထိုင်ဝမ်၏ “နိုင်ငံတကာ အနေအထား”ကို ချဲ့ထွင်ခြင်းစသည်တို့လုပ်ဆောင်လျက် နိုင်ငံတကာအသိုက်အဝန်းမှ တရုတ်တစ်နိုင်ငံတည်း အခင်းအကျင်းကို ပျက်ပြားစေရန် ကြိုးပမ်းနေကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်းက ပြောကြားခဲ့သည်။တရုတ်ပြည်မကြီးမှ အထက်ဖော်ပြသည့် ဖောင်ဒေးရှင်းများအပေါ် အရေးယူစီမံချက်များချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်းဖောင်ဒေးရှင်းများအား တရုတ်ပြည်မကြီးအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းများ၊ လူပုဂ္ဂိုလ်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုမှ တားမြစ်ခြင်း၊ အထက်ဖော်ပြသည့် ဖောင်ဒေးရှင်းများသို့ ငွေကြေးအကူအညီ သို့မဟုတ် ဝန်ဆောင်မှုများ ပံ့ပိုးပေးသည့် အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို ဥပဒေအရ အရေးယူခြင်းနှင့် အခြားလိုအပ်သော အစီအမံများ လုပ်‌ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တရုတ်ပြည်မကြီးအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် အထက်ဖော်ပြသည့်ဖောင်ဒေးရှင်းအား ငွေကြေးအကူအညီပေးသည့် Xuande စွမ်းအင်၊ Lingwang နည်းပညာ၊ Tianliang ဆေးဘက်ဆိုင်ရာ ၊ Tianyan ဂြိုဟ်တုနည်းပညာ စသည့် ကုမ္ပဏီလုပ်ငန်းများနှင့် အရောင်းအဝယ်၊ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းမှ တားမြစ်ထားပြီး သက်ဆိုင်ရာလုပ်ငန်းမှ တာဝန်ရှိသူများကိုလည်း တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………
国台办宣布对“台独”顽固分子关联机构予以惩戒
新华社北京8月3日电国台办发言人马晓光8月3日表示,“台独”顽固分子关联机构“台湾民主基金会”、“国际合作发展基金会”打着“民主”和“合作发展”的幌子,在国际上大肆从事“台独”分裂活动,极力拉拢贴靠外部反华势力,攻击抹黑大陆,以金钱等为诱饵拓展台所谓“国际空间”,企图破坏国际社会一个中国格局。大陆方面决定对上述基金会采取惩戒措施,禁止其与大陆组织、企业、个人合作,依法惩治为上述基金会提供资助或服务的组织、企业、个人,以及采取其他必要措施。禁止大陆组织、企业、个人与为上述基金会捐款的宣德能源、凌网科技、天亮医疗、天眼卫星科技等企业进行任何交易、合作,禁止有关企业负责人入境。(完)
图说 – 6月29日,国台办发言人马晓光邀请记者提问。新华社记者 陈晔华 摄