Connect with us

Media

ပိုလန်နိုင်ငံရှိ ကြောင်များတွင် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရသည်ကို တွေ့ရှိရကြောင်း WHO အသိပေးပြောကြား

ဂျီနီဗာ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ပိုလန်နိုင်ငံရှိ ကြောင်အချို့တွင် ကြက်ငှက်တုပ်ကွေးရောဂါပိုး ကူးစက်ခံရပြီး သေဆုံးမှု ဖြစ်ပွားကြောင်း၊ ၎င်းမှာ နိုင်ငံတစ်နိုင်ငံတည်း၌ ကြောင်အရေအတွက် အများအပြားတွင် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှုရှိသည်ကို ပထမဆုံးအကြိမ်တင်ပြခြင်း ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇူလိုင် ၁၇ ရက်တွင် အသိပေးပြောကြားခဲ့သည်။

ပိုလန်နိုင်ငံတွင် ကြောင်များ ပုံမှန်မဟုတ်သော အခြေအနေဖြင့် သေဆုံးမှုများရှိကြောင်း ယင်းနိုင်ငံ သက်ဆိုင်ရာဌာနများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကို အစီရင်ခံခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ မီဒီယာများကို ပေးပို့သော အချက်အလက်များအရ သိရသည်။ ဇူလိုင် ၁၁ ရက်အထိ ကြောင် ၄၆ ကောင်နှင့် ကဲရကယ်တောကြောင် ၁ ကောင်ကို နမူနာယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နမူနာ ၂၉ ခုတွင် H5N1 ကြက်ငှက်တုပ်ကွေး Positiveဖြစ်ခဲ့သည်။ အချို့ကြောင်များမှာ ရောဂါလက္ခဏာပြင်းထန်ပြီး ရောဂါအခြေအနေ လျင်မြန်စွာ ဆိုးရွာလာကာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းမှာ နိုင်ငံတစ်နိုင်ငံတည်းတွင် ကြောင်အရေအတွက်အများအပြား ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသည့် ပထမဦးဆုံး အစီရင်ခံစာဖြစ်ကြောင်း ၊ ထိုမတိုင်မီက ကူးစက်မှုသည် ကွတ်တိကွတ်ကျား ဖြစ်ပွားမှုသာ ရှိခဲ့ကြောင်း ၊ တိရစ္ဆာန်ကို ကူးစက်သော ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို ရှင်းလင်းစွာ မသိရှိရသေးကြောင်းနှင့် ကူးစက်ရောဂါဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသည့် ကြောင်နှင့် ထိတွေ့မှုရှိသောသူများကို ဆေးရုံ၌စောင့်ကြည့်ခဲ့ရာ ဇူလိုင် ၁၂ ရက်အထိ ရောဂါလက္ခဏာဖြစ်ပွားသူ မရှိသေးကြောင်း သိရသည်။

သာမန်လူထုသည် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရသော ကြောင်နှင့် ထိတွေ့၍ ကူးစက်နိုင်သောအန္တရာယ် နည်းပါးကြောင်း၊ ယင်းတိရစ္ဆာန်နှင့် အမြဲတမ်း ထိတွေ့နေသော တိရစ္ဆာန်ပိုင်ရှင်နှင့် တိရစ္ဆာန်ဆေးကုဆရာဝန်တို့အနေဖြင့် အကာအကွယ်မရှိသော အခြေအနေမျိုးတွင် ကူးစက်နိုင်မှုက နည်းပါးအဆင့်မှ အလယ်အလတ်အဆင့် ရှိနိုင်ကြောင်း၊ လက်ရှိတွင် ကြောင်မှတစ်ဆင့် လူသို့ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်သော မှတ်တမ်း မတွေ့ရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားခဲ့သည်။ (Xinhua)
……………………………….

(Chinese Version)

(科技)世卫组织通报波兰出现猫感染禽流感
新华社日内瓦7月17日电(记者王其冰)世界卫生组织17日通报,波兰的一些猫感染禽流感病毒并出现死亡,这是首次有报告显示一个国家中大范围出现较多数量的猫感染禽流感。
据世卫组织17日向媒体提供的信息,波兰有关机构6月27日向世卫组织报告该国的猫出现异常死亡情况。截至7月11日,在对46只猫和1只狞猫样本进行的检测中,29个样本呈甲型H5N1禽流感病毒阳性。一些猫出现严重症状,在一些情况下病情迅速恶化甚至出现死亡。
世卫组织说,这是首次有报告显示一个国家中大范围出现较多数量的猫感染禽流感,先前仅有一些零星的类似病例。目前尚不清楚感染动物的病毒来源,流行病学调查正在进行中。
有关机构对所有与感染病毒的猫有过接触的人都进行了医学观察,截至12日未发现有人出现症状。
世卫组织说,普通大众因与感染禽流感病毒的猫接触而被传染的风险为低水平,动物主人和兽医等常接触相关动物的人员在没有适当防护情况下的感染风险为低到中等水平。世卫组织目前没有人类被猫传染禽流感的记录。
这是5月21日在瑞士日内瓦拍摄的世界卫生组织标志和世卫组织总部大楼。 新华社记者 连漪 摄