Connect with us

Media

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့သို့ တိုင်ဖွန်းမုန်တိုင်း “တာလင်” ဝင်ရောက်တိုက်ခတ်

ကွမ်ကျိုး၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ယခုနှစ်၏ စတုတ္ထုမြောက် တိုင်ဖုန်း မုန်တိုင်းဖြစ်သည့် “တာလင်”၏ ဗဟိုချက်သည် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ နန်ဆန်းကျွန်း ပင်လယ်ကမ်းရိုးတန်းသို့ ဇူလိုင် ၁၇ ရက် ၂၂ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း၊ မုန်တိုင်းဝင်ရောက်သောဗဟိုချက်အနီးတွင် အများဆုံး လေတိုက်နှုန်းမှာ အဆင့် ၁၃ ရှိ ကြောင်း တရုတ်နိုင်ငံ ဗဟို မိုးလေဝသနှင့်ဇလဗေဒ ဌာန၏ စောင့်ကြည့်တိုင်းထွာချက်များတွင် ဖော်ပြထားသည်။

တိုင်ဖွန်း မုန်တိုင်း“တာလင်”ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ပြီးနောက် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် ပေပုပင်လယ်ကွေ့သို့ ရွေ့လျားသွားမည် ဖြစ်ကြောင်း၊ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် ပြင်းထန်သော အပူပိုင်းမုန်တိုင်း သို့မဟုတ် တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ကွမ်ရှီးဒေသ ကုန်းတွင်းပိုင်းသို့ ထပ်မံ ဝင်ရောက်တိုက်ခတ်၍ ဇူလိုင် ၁၉ ရက်တွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ အားပျော့ ပျက်ပြယ်သွားမည် ဖြစ်ကြောင်း မိုးလေဝသဌာနက ကြိုတင်ကြေညာခဲ့သည်။

ကွမ်တုန်းပြည်နယ် နေရာအသီးသီးတွင် ပင်လယ်ပြင် လေဘေးကာကွယ်ရေး နှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးလုပ်ငန်းတာဝန်များကို ဇူလိုင် ၁၆ ရက် ၁၂ နာရီ မတိုင်မီ အလုံးစုံ ဆောင်ရွက်ပြီးဖြစ်ကြောင်း ကွမ်တုန်းပြည်နယ် ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှုနှင့် လေဘေးအန္တရာယ် ကာကွယ်ရေးထိန်းချုပ်ရေး ညွှန်ကြားမှုဌာနက အသိပေးပြောကြားခဲ့သည်။

ရေပြင်တွင် အရေးပေါ်ကိစ္စဖြစ်ပွားမှုကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ကျန့်ကျန်း ရေကြောင်းရေးရာဌာနက အရေးပေါ်ကူညီကယ်ဆယ်ရေးအင်အားကို ညှိနှိုင်းဖြန့်ကျက်ထားကြောင်း၊ ကူညီကယ်ဆယ်ရေးသင်္ဘော ၂ စီး၊ အရေးပေါ် တွန်းသင်္ဘော ၃ စီးကို ကျန့်ကျန်း ဆိပ်ကမ်း၊ လေကျိုးကျွန်းဆွယ် အရှေ့ပိုင်းနှင့်အနောက်ပိုင်း၊ ချုံကျိုး ရေလက်ကြား မြောက်ဘက်ကမ်းရေပြင်များ၌ အသင့်အနေအထား စီမံထားရှိခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ရေပြင်၌ ကင်းလှည့်စစ်ဆေး၍ လေအားလျှပ်စစ်ပလက်ဖောင်း၊ ဆောက်လုပ်ရေးသင်္ဘော ၊ လှေ၊ ခရီးသည်တင်သင်္ဘောစသည့် အဓိက ရေယာဉ်များကို လေဘေးအန္တရာယ်ကာကွယ်ရေးလုပ်ဆောင်ရန် အသီးသီး သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

ယာဉ်သွားလာမှု အန္တရာယ် ကင်းရှင်းစေရန် ကျန့်ကျန်းမြို့ရှိ တံတားများကို ပိတ်ထားခဲ့ကြောင်း သိရသည်။
ကွမ်တုန်းပြည်နယ် ကျန့်ကျန်း၊ မောက်မင်၊ ယန်ကျန်း၊ ကျန်းမန် စသည့် အဓိက နေရာများတွင် ကွမ်တုန်းမီးသတ်ကယ်ဆယ်ရေးအဖွဲ့က ဒေသဖြတ်ကျော် ကယ်ဆယ်ရေးအဖွဲ့များကို စုစည်းထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် မီးသတ်ကယ်ဆယ်ရေးသမား ၄၄၀ ကျော်၊ မီးသတ်ကား အစီး ၁၀၀ ၊ ရေယာဉ် ၃၂ စီး ကို ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မရွေးဆောင်ရွက်နိုင်ရန် အသင့်ပြင်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………………..
(Chinese Version)
台风“泰利”登陆广东湛江
新华社广州7月17日电(记者田建川)据中央气象台监测,今年第4号台风“泰利”的中心已于22时20分前后在广东省湛江市南三岛沿海登陆,登陆时中心附近最大风力为13级。
气象部门预报,“泰利”登陆后将于18日凌晨移入北部湾,有可能于18日上午以强热带风暴级或台风级在广西沿海再次登陆,19日在越南北部减弱消散。
据广东省防汛防旱防风总指挥部通报,广东各地已于7月16日12时前全部完成海上防风撤离任务。
为有效应对水上突发应急事件,湛江海事部门加强应急救助力量协调部署,将2艘专业救助船舶、3艘应急拖轮等部署于湛江港、雷州半岛东西部、琼州海峡北岸水域值守待命。同时,开展水上巡航检查,一对一提醒风电平台、施工船、无动力船、客船、危险品船等重点船舶落实各项防风措施。
为确保过往车辆人员安全,湛江市的海湾大桥、调顺跨海大桥、南三大桥、东海岛大桥、黄坡大桥已实施全封闭管理。
针对湛江、茂名、阳江、江门等重点区域,广东消防救援总队跨区域调动中国救援广东机动支队和广州、佛山、肇庆等支队进行前置增援。目前,440多名消防救援人员、100辆消防车、32艘舟(艇)已到达前置执勤点,随时做好救援准备。