Connect with us

Asia

အင်ဒိုနီးရှား နှင့် မလေးရှားအကြား ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် လမ်းကြောင်းများ ပြန်ဖွင့်ပေးရန် သဘောတူ

ဂျာကာတာ ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားသမ္မတ နှင့် မလေးရှားဝန်ကြီးချုပ်တို့သည် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဘိုဂေါ် (Bogor)ရှိ သမ္မတနန်းတော်၌ ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် စီးပွားရေးပြန်လည်နလံထရေးလှုံ့ဆော်မှုတစ်ရပ်အနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် အဆင့်ဆင့်ဖြင့် ခရီးသွားလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် နိုဝင်ဘာ ၁၀ ရက်က နှစ်နိုင်ငံအကြား သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။အနောက်ဂျာဗားပြည်နယ် ဘိုဂေါ်ရှိ သမ္မတနန်းတော်၌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုသည် နိုင်ငံသို့အလည်ပတ်ခရီးစဉ် ရောက်ရှိနေသည့် မလေးရှားနိုင်ငံဝန်ကြီးချုပ် အစ္စမေးလ်ဆပ်ရီယာကွတ်အား လက်ခံတွေ့ဆုံစဉ် အဆိုပါ အထူးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်စဉ် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

“ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြသလို ပြည်သူတွေကလည်း မျိုးနွယ်စုချင်းတူကြလို့ ကျွန်တော်တို့ဟာ နှစ်ဖက် အပြန်အလှန်လေးစားမှုနဲ့ အကျိုးစီးပွားဖြစ်မှုတွေရဲ့ စည်းမျဉ်းပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားကြရမှာပါ ၊ စီးပွားရေးပြန်လည်နလံထူရေးကို ထောက်ပံ့ပေးဖို့ ဒီခရီးသွားလမ်းကြောင်းအစီအစဉ်တွေကို အဆင့်ပေါင်းများစွာနဲ့ အကောင်အထည်ဖော်သွားဖို့ ကျွန်တော်တို့သဘောတူညီမှုရရှိခဲ့ပါတယ် ” ဟု ပူးတွဲသတင်းစာရှင်းပွဲတွင် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတိုးတက်မှုသည် ၄၉ ရာခိုင်နှုန်းအထိရှိခဲ့သဖြင့် ဤအရာက ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ကြောင်း သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆပ်ရီက ပထမအဆင့်အနေဖြင့် နှစ်နိုင်ငံအနေဖြင့် ကွာလာလမ်ပူ-ဂျာကာတာ နှင့် ကွာလာလမ်ပူ-ဘာလီ အသွားအပြန်ခရီးစဉ်များကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
“ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့လျင်လျင်မြန်မြန်ထုတ်ပြန်ပေးသွားမှာဖြစ်သလို မလေးရှား နဲ့ အင်ဒိုနီးရှား နယ်စပ်တွေအကြား ပြန်လည်ဖွင့်လှစ်ရေး ကြေညာဖို့ ပူးတွဲကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်သွားမှာပါ” ဟု ဝန်ကြီးချုပ်အစ္စမေးလ်ဆပ်ရီက ဆိုသည်။ လာမည့်နှစ်တွင် ကျရောက်မည့် မလေးရှား-အင်ဒိုနီးရှားသံတမန်ဆက်ဆံရေးထူထောင်ခြင်း ၆၅ နှစ်မြောက် အထိမ်းအမှတ်နှင့်ပတ်သက်၍လည်း အလေးနက်ပြောကြားခဲ့သည်။
ထို့ပြင် နှစ်ဖက်ခေါင်းဆောင်တို့သည် ရွှေ့ပြောင်းလုပ်သားများအား အကာအကွယ်ပေးရေး ၊ နှစ်နိုင်ငံနယ်စပ်များတွင် ချက်ချင်းအပြည့်အဝ ညှိနှိုင်းဆွေးနွေးမှု အရေးကြီးပုံ နှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နှစ်နိုင်ငံသည် ပညာရေး နှင့် အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတစ်ခုကို ယခင်က လက်မှတ်ရေးထိုးထားကြောင်း သိရသည်။(Xinhua)

——————————————-
(English Version)

Indonesia, Malaysia agree to open vaccinated travel lanes

JAKARTA, Nov. 10 (Xinhua) — Indonesia and Malaysia on Wednesday agreed to open vaccinated travel lanes in stages to stimulate economic recoveries in a meeting held at the presidential palace of Indonesia in Bogor, West Java.

The meeting on the cooperation about this special arrangement was held when visiting Malaysian Prime Minister Ismail Sabri Yaakob and Indonesian President Joko Widodo met at the latter’s Presidential Palace in Bogor, West Java.
“As the close neighbors and peoples of a common race, we must strengthen cooperation based on the principle of mutual respect and benefits. To support the economic recoveries, we agreed to make a travel corridor arrangement in stages,” Jokowi, as the president is known, said at a joint press conference.

This is a good development as trade between the two countries increased by 49 percent from January to August this year, the president added.
Ismail Sabri said for the first phase, the two countries will open the Kuala Lumpur-Jakarta and Kuala Lumpur-Bali travel routes.

“We will expedite the details and make a joint statement to announce the reopening of the Malaysian and Indonesian borders,” Ismail Sabri said, emphasizing that the two countries will mark the 65th anniversary of diplomatic relations next year.

Both leaders also discussed the protection of migrant workers, the importance of immediately completing negotiations on the borders of the two countries and regional issues.
The two countries previously signed a memorandum of understanding about cooperation on education and customs. Enditem

Indonesian President Joko Widodo (R) meets with visiting Malaysian Prime Minister Ismail Sabri Yaakob at the presidential palace in Bogor, Indonesia, Nov. 10, 2021. (Laily Rachev/Presidential Press Bureau/Handout via Xinhua)