Connect with us

Africa & Middle East

အာဖဂန်နစ္စတန်အရေး စိုးရိမ်ပူပန်မှုကြောင့် တာဂျစ်ကစ္စတန်ကို ရုရှားက လက်နက်တပ်ဆင်ပေး

စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များက တာဂျစ်ကစ္စတန်နိုင်ငံတွင် ပူးတွဲစစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည်ကို အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် မကြာသေးမီက တာဂျစ်ကစ္စတန်နိုင်ငံအား လက်နက်ကိရိယာများ ပံ့ပိုးပြီး ၎င်း၏ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ပေးခဲ့ကြောင်း ရုရှား သမ္မတ ပူတင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယင်းပံ့ပိုးမှုသည် ပြင်ပအန္တရာယ်ကို ရင်ဆိုင်တုန့်ပြန်ရာတွင် အထောက်အကူပြုစေဖို့ ရည်ရွယ်ကြောင်း ရုရှားနိုင်ငံ စိန့်ပီတာစဘတ်သို့ လာရောက်လည်ပတ်သည့် တာဂျစ်ကစ္စတန်သမ္မတ Emomali Rahmonနှင့်တွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့သည်။

တာဂျစ်ကစ္စတန်သည် ရုရှား၏ ယုံကြည်ရသော နီးကပ်သည့် မဟာမိတ်ဖြစ်ကြောင်း၊ တာဂျစ်ကစ္စတန်-အာဖဂန် နယ်စပ်အခြေအနေကို စိုးရိမ်မှုရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။

Rahmonက နှစ်နိုင်ငံအကြား လုံခြုံရေးကဏ္ဍတွင် နီးကပ်သည့်ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ၊ နိုင်ငံတကာနှင့်ဒေသရေးရာတွင် အထူးသဖြင့် အာဖဂန်အရေးကိစ္စတွင် ရုရှားနှင့်အတူ ဆွေးနွေးဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဆိုသည်။(Xinhua)

——————————–
(English Version)
Russia arms Tajikistan amid concern over Afghanistan
2021-12-28 04:20:16
Servicemen from member states of the Collective Security Treaty Organization take part in a joint military drills in Tajikistan, Oct. 18, 2021. (Xinhua)
Putin expressed concern over the situation on the Tajik-Afghan borders.
MOSCOW, Dec. 27 (Xinhua) — Russia has supplied weapons and equipment to Tajikistan recently to strengthen its defense capability, President Vladimir Putin said Monday.
The shipments were aimed at helping Tajikistan effectively counter threats coming from outside, Putin said during a meeting with visiting Tajik President Emomali Rahmon in Russia’s St. Petersburg.
Calling Tajikistan a reliable and close ally of Russia, Putin expressed concern over the situation on the Tajik-Afghan borders.
Rahmon noted that the two countries closely cooperate in the field of security, and he was ready to discuss international and regional issues, particularly the Afghan problem, with Putin. ■