Connect with us

မြန်မာ-ENG

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မြန်နှုန်းမြင့်ရထားလမ်းသစ် စတင်လည်ပတ်

ကူမင်း ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မုန်ကျစ်နှင့်မီလက်မြို့များအား ချိတ်ဆက်ထားသည့် ၁၀၆ ကီလိုမီတာ ရှည်လျားသော မြန်နှုန်းမြင့်ရထားလမ်းသည် ဒီဇင်ဘာ ၁၆ ရက်တွင် စတင်လည်ပတ်အသုံးပြုခဲ့ကြောင်း သိရသည်။အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ နှုန်း ပြေးဆွဲနိုင်ရန် စီစဉ်ထားသည့် ရထားလမ်းသည် ပြည်နယ်၏ မြို့တော် ကူမင်းမြို့ နှင့် Mengzi မြို့အကြား သွားလာချိန်အား ၆၉ မိနစ်အထိ သိသိသာသာလျော့ကျသွားကြောင်း သိရသည်။

မုန်ကျစ်မြို့ရှိ ကျေးရွာသား LI WEIXIANG က “မြန်နှုန်းမြင့်ရထားလမ်းသစ် ဖွင့်လှစ်လိုက်ကတည်းက ကူမင်းမြို့ကို သွားဖို့ ဒါမှမဟုတ် အလုပ်အတွက် အခြားနေရာတွေ သွားဖို့က ကျွန်တော်တို့ ရွာသားတွေအတွက် အလွန်အဆင်ပြေသွားပါပြီ ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့တဲ့ တရုတ်နှင်းသီးတွေ နဲ့ jujube တွေ ရောင်းချဖို့ ကျွန်တော်တို့အတွက် လွယ်ကူသွားပြီးတော့ ဝင်ငွေလဲ တိုးလာတော့မှာပါ။”ဟု ပြောကြားခဲ့သည်။

အဆိုပါရထားလမ်းသစ်အား ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်ခဲ့ပြီး လမ်းတစ်လျှောက် ရှုပ်ထွေးသောဘူမိဗေဒဖွဲ့စည်းမှုအား ကျော်လွှားရန် စုစုပေါင်း တံတား ၅၂ စင်း နှင့် ဥမင်လိုဏ်ခေါင်း ၁၀ ခုကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်းရထားလမ်းသစ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ နှင့် အာဆီယံနိုင်ငံများအကြား ရထားလမ်းကွန်ရက်၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ရထားလမ်းတစ်လျှောက် ကျေးလက်တိုင်းရင်းသားနေရာများအား မြို့ပြပုံစံသွင်းခြင်းလုပ်ငန်းစဉ်အား အရှိန်မြှင့်တင်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍက ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
#China #Yunnan #Railway #တရုတ်နိုင်ငံ #ယူနန်ပြည်နယ် #ရထားလမ်း #ဆင်ဟွာ #Xinhua #Myanmar #Xinhuamyanmar
——————————–

New high-speed railway enters operation in China’s Yunnan
A 106-km high-speed railway, linking the cities of Mengzi and Mile in China’s Yunnan Province, was put into operation on Friday.

With a designed speed of 250 km per hour, the new railway has slashed the travel time between Mengzi and Kunming, the provincial capital, to 69 minutes.

SOUNDBITE (Chinese): LI WEIXIANG, Villager in Mengzi
“It is very convenient for us villagers to go to other places for work, or go to the provincial capital since the high-speed railway is in operation. It will be easier for us to sell the loquats and jujubes we planted, and our income will increase.”

The construction of this railway started in June 2018. A total of 52 bridges and ten tunnels were built to overcome the complex geological structure in the area.

It is an important part of the railway network between China’s southwestern region and ASEAN countries, which will play a positive role in speeding up the urbanization process of rural ethnic areas along the railway.

Xinhua News Agency correspondents reporting from Kunming, China.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.