Connect with us

News

ရုရှားနိုင်ငံ၏ တိုက်ချင်းပစ်ဒုံး(သစ်)သည် အမေရိကန်တို့၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်စွမ်းရှိကြောင်း ရုရှားဒုဝန်ကြီးချုပ်ပြော

ရုရှားနိုင်ငံ နှစ် ၇ဝ ပြည့် မျိုးချစ်တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားတွင် တိုက်ချင်းပစ်ဒုံးကျည် တစ်စင်းအားတွေ့ ရစဉ် (ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက အသစ်တီထွင်ထုတ်လုပ်လိုက်သော တိုက်ချင်းပစ်ဒုံးကျည်သည် အမေရိကန်နိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထိုးဖောက်ပစ်ခတ်နိုင်စွမ်းရှိကြောင်း ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dmitry Rogozin က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

ရုရှားနိုင်ငံပိုင် Rossiya-1 ရုပ်သံချန်နယ်တွင် ဒုဝန်ကြီးချုပ် Rogozin က ရုရှားနိုင်ငံ၏ နျူကလီးယားတပ်ဖွဲ့သည် ဆိုဗီယက်ခေတ်က တပ်ဆင်ခဲ့သည့် Voyevoda ဒုံးကျည်အပါအဝင် ဒုံးကျည်အမျိုးမျိုးကို ပိုင်ဆိုင်ထားကြောင်း နှင့် ယခုအခါ ရုရှားနိုင်ငံသည် ဒုံးကျည် အသစ်များကိုလည်း တီထွင်ထုတ်လုပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေးစနစ်များသည် ရုရှားနိုင်ငံကို ခြိမ်းခြောက်နိုင်ခြင်း မရှိကြောင်း ရုရှားဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး “ ကာကွယ်မှုတွေကို ကျနော်တို့က ရှင်းရှင်းလင်းလင်းဖယ်ရှားပစ်နိုင်ပါတယ်” ဟု ဆိုသည်။

ထို့ပြင် စစ်မြေပြင်သုံး မြန်နှုန်းမြင့် ရဟတ်ယာဉ် တည်ဆောက်မှုအပိုင်းတွင်လည်း ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံနောက် ကျန်ရစ်နေခဲ့ခြင်းမရှိကြောင်း Rogozin က ပြောသည်။ လွန်ခဲ့သောနှစ်က စမ်းသပ်ခဲ့သော ရုရှားနိုင်ငံ၏ နည်းပညာသစ် ရဟတ်ယာဉ်သည် တစ်နာရီလျှင် ၄ဝ၅ ကီလိုမီတာထိ ပျံသန်းနိုင်စွမ်းရှိပြီး ၊ ၎င်း ရဟတ်ယာဉ်မျိုးကို ၂ဝ၁၈ ခုနှစ်တွင် အများအပြားထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ Armata ” ဟုအမည်ပေးထားသည့် တင့်ကား မျိုးဆက်သစ်ကို ရုရှားနိုင်ငံက ထုတ်လုပ်ထားပြီး အရည်အသွေးပြည့်ဝသည့် အစ္စရေး ၊ အမေရိကန် နှင့် ဥရောပ နိုင်ငံများမှ ထုတ်လုပ်ထားသော တင့်ကားနည်းပညာများ ကဲ့သို့သဘောသဘာဝ ခြင်း တူညီကြောင်း သိရသည်။

“ ဥပမာပြောရရင် T-14 အမျိုးအစား တင့်ကားအသစ်ဟာ ဒီဂျစ်တယ် ကိရိယာတွေကို အသုံးပြုထားတယ်။ တင့်ကားမောင်းသူအတွက် သီးသန့်အမိုးတစ်ခု ထားပေးဖို့မလိုဘဲ တင့်ကားကိုယ်ထည်ထဲမှာပဲ သီးသန့်ထိုင်စရာနေ ရာတစ်ခု ဖန်တီးထားပါတယ်” ဟု ဒုတိယဝန်ကြီးချုပ်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.