Connect with us

News

မီတာ (၈ဝ) ရှည်သည့် ဆန်းဒဝှစ် ကို လှူဒါန်းရန်ပြုလုပ်ခဲ့

ဗြူနိုအေးရိစ်၊ မေ (၂၆) ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရိစ်တွင် အာဂျင်တီးနား Down Syndrome အဖွဲ့ Down Syndrome Association of Argentina (ASDRA) အားလှူဒါန်းရန် မီတာ ၈ဝ ရှည်သည့် ဆန်းဒဝှစ် ကို လှူဒါန်းရန်အတွက် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဆန်းဒဝှစ်ကို အပိုင်း ၄ဝဝဝ ပိုင်းပြီးနောက် ပရိသတ်ကို ပြန်လည်ရောင်းချခဲ့သည်။ရောင်းချရသည့် ရန်ပုံငွေကို အာဂျင်တီးနားနိုင်ငံ၏ Down Syndromeရောဂါသည်များအတွက်လှူဒါန်းသွားမည်ဖြစ်သည်။

စားဖိုမှူးများသည် ၎င်းတို့ကိုယ်တိုင်အာဂျင်တီးနားတွင် အရှည်ဆုံးဆန်းဒဝှစ်ကို ဖန်တီးလိုကြသောကြောင့် ယခုလိုလှူဒါန်းဖြစ်ခြင်းလည်းဖြစ်သည်။ မီတာ ၈ဝ ရှည်သည့် ဆန်းဒဝှစ် ပြုလုပ်ရန်အတွက် အချိန် ၄ နာရီယူရပြီး ဂျုံကီလိုပေါင်း ၃၅ဝ ၊ ဒိန်ခဲ ၁၂ဝ ကီလိုဂရမ်နှင့် ဝက်ပေါင်ခြောက် ၃ဝ ကီလိုဂရမ် တို့အားအသုံးပြုရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.