Connect with us

News

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ ပေးအပ်လှူဒါန်း

ရန်ကုန် မတ် ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ COVID-19 ရောဂါကြောင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို စာနာ ထောက်ထားသည့်အနေဖြင့် လည်းကောင်း မြန်မာတရုတ် နှစ်နိုင်ငံအကြား ပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု မြှင့်တင်ရေး အတွက် လည်းကောင်း နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နှင့် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေး တို့ကို အလေးအနက် ထားသည့်အနေဖြင့် လည်းကောင်း တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၀၀ ကို မတ် ရက်တွင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၌ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊  စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး နှင့်  နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့က ကျေးဇူးတင်စကားများအသီးသီး ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်ပေါင်း ၄,၀၀၀ (တန် ၂၀၀) ကို မတ် ရက်တွင် ကုန်တင်ယာဉ် စီးဖြင့် တင်ဆောင်၍ မြန်မာနိုင်ငံ မူဆယ်/ကျယ်ဂေါင် နယ်စပ်ဂိတ်သို့ အရောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး တရုတ်နိုင်ငံ ရွှေလီ နယ်စပ်ဂိတ်မှတစ်ဆင့် ဟူပေပြည်နယ်ရှိ မြို့နယ် ၁၇ ခုသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။   (Xinhua) 


Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.