Connect with us

Business

ရွှေဈေး ကျပ်သိန်း ၂၀ ကျော် မှ ၁,၈၀၅,၀၀၀ ကျပ်အထိပြုတ်ကျ

ရွှေဆိုင်တစ်ဆိုင်တွင် ခင်းကျင်းထားသည့် ရွှေထည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ၂,၀၁၃,၀၀၀ ကျပ် မှ ၁,၈၀၅,၀၀၀ ကျပ်အထိ ၁၀ရက် အတွင်း ၂၀၈,၀၀၀ ကျပ် ပြုတ်ကျခဲ့ကြောင်း၊ ရွှေဈေးနှုန်းတည်ငြိမ်ရေးအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၂ ရက်တွင်ပြောသည်။

“ရွှေဈေးကျရတဲ့ အဓိကအကြောင်းအရင်းက ပြည်တွင်းဒေါ်လာဈေးကျတာရယ်၊ ကျွန်တော်တို့အသင်း က ရွှေဝယ်လိုအား ရှိရင် ရှိသလို နေ့တိုင်း ရွှေပိသာ ၂၀ ကနေ ၅၀ ကြားရောင်းပေးနေတယ်။ အဲဒါကြောင့် ကျတယ်လို့ ထင်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ရွှေပြန်ရောင်းသူတွေ များလာပါတယ်’’ ဟု ဦးမျိုးမြင့်ကပြောသည်။

အောက်တိုဘာ ၂ ရက်တွင် ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁,၇၆၁ ဒေါ်လာရှိပြီး၊ အောက်တိုဘာ ၁၂ ရက်တွင် ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁,၇၅၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့သည်။ ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ ၂,၀၅၀ ခန့်ပေါက်ဈေးရှိကြောင်း သိရသည်။

“ရွှေဈေးက ဆက်ကျဖို့ရှိပါတယ်။ ဒေါ်လာဈေးလည်း ဆက်ကျဖို့ရှိပါတယ်။ ရွှေဈေးနှုန်းတည်ငြိမ်ရေး အတွက် ကျွန်တော်တို့အသင်းအနေနဲ့ နေ့တိုင်း ရွှေတွေလိုသလောက်ထုတ်ရောင်းပေးနေပါတယ်။

ပွင့်လင်းရာသီရောက်ပြီးသယ်ယူပို့ဆောင်ရေး တွေကောင်းမွန်လာရင် ရွှေဈေးတွေက ပြန်ကျလာမှာပါ’’ ဟု ၎င်းကဆက်ပြောသည်။
အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၈၀၅,၀၀၀ကျပ်၊ ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁,၇၅၈ ဒေါ်လာ ပေါက်ဈေးရှိနေကြောင်း သိရသည်။

“ရွှေဈေးက ဆက်ကျမှာပါ။ အလောကြီးပြီး မဝယ်ကြဖို့၊ ထိန်းထိန်းသိမ်းသိမ်း ဝယ်ကြဖို့ ပြောချင်ပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.