Connect with us

Politics & Security

ပင်လယ်ပြင်တွင် အရေးပေါ် အခြေအနေအတွက် အခြေခံ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းရန် တရုတ်၊ အာဆီယံ စိတ်ဝင်စား

၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၌ တွေ့ရသည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ပင်လယ်ပြင်တွင် အရေးပေါ် အခြေအနေများဆိုင်ရာတွင် အဆင့်မြင့် သံတမန်များ အရေးပေါ်ဖုန်း ဆက်သွယ်မှုလိုင်း အတွက် လမ်းညွှန်ချက်အား တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က စက်တင်ဘာလ ၇ ရက်တွင် ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်က ပင်လယ်ရေကြောင်းဆိုင်ရာ မတော်တဆမှု အခွင့်အလမ်းများ လျှော့ချရေး နိုင်ငံတကာ သဘောတူညီချက် ဖြစ်သည့် ပင်လယ်ပြင်တွင် အစီအစဉ်မရှိဘဲ ထိပ်တိုက် တွေ့ဆုံခြင်းများဆိုင်ရာ စည်းမျဉ်းစည်းကမ်းအား လျှောက်ထားခြင်းဆိုင်ရာ အပေါ် သဘောတူထားသည့် ပူးတွဲကြေညာချက် တစ်စောင်အား အာဆီယံနှင့် တရုတ်နိုင်ငံတို့က ထုတ်ပြန်လိုက်သည်။


တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်သည့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၌ သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။
ယင်း အစည်းအဝေး၌ တရုတ်-အာဆီယံ ဆွေးနွေးဖက်နှင့် နှစ်ဘက် စွမ်းရည်မြှင့် ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် ပတ်သက်၍ နှစ်ဘက် ပူးတွဲ ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.