Connect with us

China

တရုတ်နိုင်ငံ ဗဟိုဘဏ်က စင်ကာပူတွင် ကမ္ဘာ့ လူသုံးကုန် စီးပွားရေး စင်တာ တည်ထောင်ကြောင်း ကြေညာ

တရုတ်နိုင်ငံ ဗဟိုဘဏ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ကမ္ဘာ့ လူသုံးကုန် စီးပွားရေး စင်တာ နှစ်ခု တည်ထောင်ကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ်က တရုတ်နှင့် စင်ကာပူ လူသုံးကုန်နှင့် ယွမ်ငွေ ထိပ်သီး အစည်းအဝေး၌ နိုဝင်ဘာလ ၆ ရက်က ကြေညာလိုက်သည်။

စင်ကာပူနိုင်ငံ အခြေစိုက် ကမ္ဘာလုံး ဆိုင်ရာ စွမ်းအင်သုံး လူသုံးကုန် စီးပွားရေး စင်တာနှင့် ကမ္ဘာလုံးဆိုင်ရာ လူသုံးကုန် ရီပို စင်တာများအား အရှေ့တောင်အာရှအား ဖြတ်သန်းထားသော အဓိက သင်္ဘောလမ်းကြောင်း များ ဆုံစည်းရာ ဖြစ်သည့် စင်ကာနိုင်ငံတွင် တည်ထောင်ထားခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ်က ပြောသည်။

စင်ကာပူနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လောင်စာ ကုန်သွယ်မှုရှိသလို ကမ္ဘာ့ ဒုတိယအကြီးဆုံး စိုက်ပျိုးမွေးမြူ ရေး စီးပွားဖြစ် ကုန်သွယ်ရေး စင်တာနှင့် ရေနံသန့်စင်ရေး အချက်အချာ ကျသော ဒေသလည်း ဖြစ်သည်။

ထိပ်သီး အစည်းအဝေးအတွင်း တရုတ် ဗဟိုဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စင်ကာပူ စီးပွားရေး လုပ်ငန်းများ(IE Singapore) တို့သည် အဓိက နယ်ပယ် ခြောက်ခုတွင် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်ဟု IE Singapore ဥက္ကဋ္ဌ ဆယ်ရာ မွန်းမင်းက အဖွင့် မိန့်ခွန်း၌ ပြောသည်။
နားလည်မှု စာချွန်လွှာအရ တရုတ်နှင့် စင်ကာပူ နိုင်ငံများမှ စီးပွားရေး လုပ်ငန်းများအား ထောက်ပံ့ရန် ငွေကြေး ဝန်ဆောင်မှု စင်ကာပူ ဒေါ်လာ ၅၀ ဘီလီယံ ထောက်ပံ့မည် ဖြစ်သည်။

အခြား ပူးပေါင်း ဆောင်ရွက်မှုများတွင် စင်ကာပူ နိုင်ငံအတွင်း ကုန်သွယ်မှု ဂေဟ စနစ်သစ် တည်ထောင်ခြင်း အပါအဝင် ယွမ်ငွေအား နိုင်ငံတကာသုံး အဖြစ် မြှင့်တင်ရေးအား နှစ်နိုင်ငံလုံး ပူးတွဲ ဆောင်ရွက်ခြင်းများလည်း ပါဝင်ပါသည်။

စင်ကာပူ နိုင်ငံသည် တရုတ်နိုင်ငံ ပြင်ပတွင် ယွမ်ငွေ ရှင်းလင်း လဲလှယ်ပေးသော ပထမဆုံး ဒေသဆိုင်ရာ ငွေကြေး စင်တာ ဖြစ်သည်။ (Xinhua)