Connect with us

Local

တစ်ဒေါ်လာ ရောင်းဈေး ကျပ် ၁၂၂၇ အထိ ကျဆင်း၊ ဒေါ်လာဈေး ဆက်လက်ကျဆင်းဖွယ်ရှိ

ရန်ကုန်မြို့ရှိ ငွေလဲလှယ်ရေး ဈေးကွက်တစ်ခုတွင် အမေရိကန်ဒေါ်လာများလဲလှယ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဒေါ်လာဈေးက ၁၀ ရက်အတွင်း တစ်ဒေါ်လာရောင်းဈေး ကျပ် ၁၃၀၀ မှ ကျပ် ၁၂၂၇ ကျပ်အထိ တအိအိ ကျဆင်းခဲ့ပြီး ဆက်လက်ကျဆင်းဖွယ်ရှိကြောင်း ဒေါ်လာ ဝယ်ရောင်း တချို့က သုံးသပ်သည်။

ဒေါ်လာဈေးကွက်ကိုစောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ ဒေါ်လာဈေးက ဒီနေ့ဆို ရောင်းဈေး ၁၂၁၀ အထိကျ သွားသေးတယ်။ ပြီးမှ ညနေ ဘက် နည်းနည်းပြန်တက်တာ ၁၂၂၇ ပြန်ဖြစ်တယ်။ ဈေး အခု အနေအထားအရ အကျဘက်ကိုတော့ ဦးတည်နေတယ်’’ ဟု ဆင်ဟွာကိုပြောသည်။

ဒေါ်လာဈေးကျ ဆင်းရခြင်းသည် ရွှေဈေးတက်ခြင်း နှင့်လည်း ဆက်စပ်မှုရှိကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေး သည် တစ်အောင်စကို ၁၁၁၇ ဒေါ်လာ မှ ၁၁၉၉ ဒေါ်လာ အထိ ၈၂ ဒေါ်လာ မြင့်တက်လာခဲ့သည်။

စီးပွါးရေးပညာရှင်တစ်ဦးက “ ရွှေဈေးကလည်း တက်လာတယ်။ နောက် နိုင်ငံရေး အပြောင်းအလဲ လဲ ဖြစ်လာတော့ ဒေါ်လာ ကိုင်ထားသူတွေက ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် ဒေါ်လာဈေးကျမယ် ဆိုပြီး သုံးသပ်တဲ့ အတွက် ထုတ်ရောင်းကြတယ်။ အဲဒီမှာ ဈေးက ထိုးကျတော့တာပဲ’’ ဟုပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေဘက်တွင် တစ်ဒေါ်လာလျှင် ၁၂၂၇ ကျပ် ၊ ပို့ကုန်ဝင်ငွေတစ်ယူနစ်လျှင် ၁၂၃၆ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ကျပ်၈၅၀၊ ထိုင်း တစ်ဘတ်လျှင် ၃၆ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ကျပ်၂၈၀၊တရုတ်ယွမ် တစ်ယွမ် ကျပ်၁၉၂၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စ ကို ၁၁၉၃ ဒေါ်လာ၊ မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ကျပ်၇၇၀,၀၀၀ ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.