Connect with us

Local

သီလဝါ ဆိပ်ကမ်းတို့မှ သွင်းကုန် ပို့ကုန် ကုန်သေတ္တာ လက်ခံနိုင်မှုသည် လေးဆကျော် မြင့်တက်ခဲ့

ရန်ကုန် စက်မှုဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော ကုန်သေတ္တာတင် သင်္ဘော အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်ရေး အတွက် အဓိက ပင်လယ်ရေကြောင်း ထွက်ပေါက်များ ဖြစ်သော ရန်ကုန်နှင့် သီလဝါ ဆိပ်ကမ်းတို့မှ သွင်းကုန် ပို့ကုန် ကုန်သေတ္တာ လက်ခံနိုင်မှုသည် လေးဆကျော် မြင့်တက်ခဲ့ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။

ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်မှုသည်လည်း ၁၀ နှစ်တာကာလ အတွင်း နှစ်ဆကျော် တိုးတက်ခဲ့ကြောင်း သိရသည်။၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန် ဆိပ်ကမ်းများ အတွင်း သွင်းကုန် (TEU) ၃၆၉.၆၂၅ တန်၊ ပို့ကုန် (TEU) ၃၆၇ .၈၁၁ တန် စုစုပေါင်း (TEU) ၇၃၇ .၄၃၆ တန်နှင့် မက်ထရစ်တန် ထောင်ပေါင်း ၉,၀၇၈ . ၇၄၇ တန် လက်ခံ နိုင်ခဲ့ကြောင်း သိရသည်။

၁၀ နှစ်တာ ကာလ အတွင်း ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများ၌ လက်ခံခဲ့သော သွင်းကုန် ပို့ကုန် စုစုပေါင်းမှာ ၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်တွင် ၁၅၅ . ၅၈၄ တန်၊၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်တွင် ၁၇၁ .၉၀၃ တန်၊ ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်တွင် ၁၉၇ . ၂၇၉ တန်၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင် ၂၂၆ .၅၃ တန်၊၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင်၂၆၄ . ၀၀၆ တန်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ၃၀၃ . ၄၁၀ တန်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ၃၄၆ . ၆၄၂ တန်၊၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၄၀၈ .၀၄၃ တန်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၄၇၇ . ၉၆၃ တန်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၆၁၇. ၁၆၉ တန်နှင့်၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၇၃၇ .၄၃၆ တန် လက်ခံနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.