Connect with us

Local

မြန်မာနိုင်ငံ၏ မီးပုံးပျံ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၆.၄၃ သန်းအထိ တိုးတက်ရရှိ

ကမ္ဘာလှည့်ခရီးသွားများ၏ မီးပုံးပျံများ ဦးပိန်တံတားပေါ်မှ ဖြတ်သန်းသွားနေစဉ် (ဓာတ်ပုံ- ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း ကဏ္ဍတွင် မီးပုံးပျံ ခရီးသွားလုပ်ငန်းမှ ၂၀၁၅ ခုနှစ်တွင် စီးနင်းသူ ၂၃၇၁၉ ဦး ရှိ၍ ဝင်ငွေ အမေရိကန် ဒေါ်လာ ၆.၄၃ သန်းအထိ တိုးတက်လာခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ မီးပုံးပျံ စီးနင်း သူမှာ ၂၀၁၀ ခုနှစ်တွင် ၄၈၈၆ ဦးရှိပြီး ထိုလုပ်ငန်းမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ဝ.၉၇ သန်း ရရှိခဲ့ရာ မှ ၂၀၁၃ ခုနှစ်တွင် စီးနင်းသူ ၁၁၃၆၂ ဦး ဝင်ငွေ အမေရိကန် ဒေါ်လာ ၃.၁၀ သန်းနှင့် ၂၀၁၄ ခုနှစ်တွင် စီးနင်းသူ ၁၇၈၀၂ ဦး ၊ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၂၃ သန်း ရရှိခဲ့ကြောင်း သိရသည်။

မီးပုံးပျံခရီးသွားလုပ်ငန်းကဏ္ဍတွင် အများအားဖြင့် ဂျာမန်၊ ပြင်သစ်၊ အမေရိကန် ၊ အင်္ဂလန်နိုင်ငံသားများ အစီးများကြပြီး အာရှတိုက်မှ တရုတ်၊ ကိုရီးယား ၊ ဂျပန် လူမျိုးများလည်း စီးနင်းကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပထမဆုံး မီးပုံးပျံ ပျံသန်းခြင်းကို ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117