Connect with us

Local

ရေထွက်ပစ္စည်း အအေးခန်း စက်ရုံ လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန် ထိုင်းနှင့်ဗီယက်နမ် နှစ်နိုင်ငံ အခြေစိုက် ဥရောပ ကုမ္ပဏီများ ကမ်းလှမ်း

ကြည့်မြင်တိုင် စံပြ ငါးဈေးတွင် ငါးအရောင်းအဝယ် လုပ်နေကြစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ပြည်တွင်းရှိ ရေထွက်ပစ္စည်းများကို ကုန်ချောအဖြစ် ပြုပြင်ပြောင်းလဲ ထုတ်လုပ်သည့် အအေးခန်းစက်ရုံ လုပ်ငန်းများတွင်ဝင်ရောက်ရင်းနှီး မြှုပ်နှံမှု လုပ်ကိုင်ရန် ထိုင်းနှင့် ဗီယက်နမ် နှစ်နိုင်ငံအခြေစိုက် ဥရောပကုမ္ပဏီအများစုမှ ကမ်းလှမ်းမှု များ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဥရောပသမဂ္ဂ နိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံ များကို EU မှ ယခင်က ကုန်သွယ်ခွန် ကင်းလွတ်ခွင့် (GSP)ကို ပေးထားသော်လည်း ယခုအခါ ပိတ်ပင်လိုက်ပြီ ဖြစ်ခြင်းကြောင့် ဥရောပ အခြေစိုက် ရေထွက်ကုန် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရန် ပြင်ဆင်ကြခြင်းဖြစ်သည်။

“GSP ကင်းလွတ်ခွင့်ရရင် ကုန်ပစ္စည်းတင်ပို့မှုရဲ့ အမြတ်အစွန်း ၃ဝ ရာခိုင်နှုန်းကျော်လောက် ပိုပြီးမြတ်တယ်။ GSP ကင်းလွတ် ခွင့် မရှိရင်တော့ အမြတ်အစွန်း သိပ်မကျန်ဘူး။ ဥရောပအခြေစိုက် ကုမ္ပဏီတွေက ဒါကို အရမ်းကြည့်တာ” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဏ္ဏဝါဒေဝီ အအေးခန်းစက်ရုံ ပိုင်ရှင် ဒေါက်တာ တိုးနန္ဒာတင် ကလည်း ဥရောပအခြေစိုက် ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ တရားဝင် လာရောက်ပြီး ရင်းနှီးမြှုပ်နှံချင် နေကြကြောင်းနှင့် အခုလောလောဆယ်တွင် ကမ်းလှမ်းထားသည့် ကုမ္ပဏီ လေးငါးခုလောက် ရှိကြောင်း ဆိုသည်။

ဥရောပသမဂ္ဂ နိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရောင်းချမှုကို ယခုအခါ မြန်မာနိုင်ငံသို့ ပေးအပ်ထားခြင်းကြောင့် ဥရောပအခြေစိုက် ကုမ္ပဏီများ အနေဖြင့် ရေထွက်ကုန် ပစ္စည်းများကို မြန်မာနိုင်ငံ၌ ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ပြီး ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချရန် ပြင်ဆင်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117