Connect with us

Local

ကချင်ဒေသထွက် ပယင်းကျောက် လုပ်ငန်း ဈေးကွက် ပိုမိုတွင်ကျယ်လာ


မြစ်ကြီးနား ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ကချင် ပြည်နယ်၏ ဒေသထွက် ပယင်းကျောက် လုပ်ငန်းသည် ယခုအခါ ဒေသတွင်း ဈေးကွက် တွင်ကျယ်လာပြီး ပြည်တွင်း ၌ သာမက အိမ်နီးချင်း တရုတ်ပြည် သို့ အများဆုံး တင်ပို့ ရောင်းချနေရကြောင်း သိရသည်။

“ဒေသထွက် ပယင်းကျောက် အချောထည် ပစ္စည်းတွေက အဓိက တရုတ်ပြည် ဈေးကွက် ကို ဝင်တယ်။ အိန္ဒိယ နဲ့ ထိုင်း ဘက်ကလည်း အခု အဝယ် လိုက်လာပြီ။ ပြည်တွင်းမှာလည်း ရန်ကုန် နဲ့ မန္တလေး ဘက်ကို အခုက ဈေးကွက် ဖောက်နေတဲ့ အခြေအနေ ရှိပါတယ်။ ဒေသခံတွေ အတွက်က ဒီပယင်းကျောက် အချောထည် ပြန်သွေး အလှဆင်တဲ့ လုပ်ငန်းက တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေး လုပ်ငန်း တစ်ခု အဖြစ် အလုပ်ဖြစ် ကြပါတယ်” ဟု ဝိုင်းမော်ဒေသ မှ ပယင်းကျောက် အချောထည် လုပ်ငန်း လုပ်ကိုင်နေသူ ကိုချစ်အောင်က ပြောသည်။

ကချင်ပြည်နယ်မှ ထွက်ရှိသော ပယင်းကျောက်များကို တွေ့ရှိရစဉ် (ဆင်ဟွာ)

ကချင် ဒေသထွက် ပယင်းကျောက် အကြမ်းထည် များသည် ခန္တီး ၊ ဝိုင်းမော် ၊ တနိုင်း တို့မှ အများဆုံး ထွက်ရှိပြီး ပယင်းကျောက် အား အချောထည် အဖြစ် ပုတီးစေ့ ၊ လက်ကောက် ၊ လည်ဆွဲ များအဖြစ် အမျိုးမျိုး အလှဆင်၍ ပြန်လည် ရောင်းချကြောင်း သိရသည်။

ပယင်းကျောက်သည် ဆေးဘက်ဝင်သည်ဟု ယုံကြည်ကြပြီး အရောင် အမျိုးမျိုး အလိုက် ဈေးကွာခြားချက်ရှိကြောင်း သိရသည်။ (Xinhua)