Connect with us

Local

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအစိုးရအား အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူရန် အတည်ပြု

ကမ္ဘာ့ဘဏ်မှ အကူအညီပေးနေသည့် စီမံကိန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- ကမ္ဘာ့ဘဏ်)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် မေခရိုစီးပွားရေးတည်ငြိမ်ရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ ခံနိုင်ရည်ရှိမှု၊ ကြိုးပမ်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ရန် အတွက် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအစိုးရအား အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူရန် အတည်ပြုလိုက်ကြောင်း ကမ္ဘာ့ဘဏ်(မြန်မာ)ယနေ့ သတင်းထုတ်ပြန်သည်။

လက်ရှိစိန်ခေါ်မှုများဖြစ်သည့် ငွေကြေးဖောင်းပွမှု၊ ပြည်သူ့ကြွေးမြီခံနိုင်ရည်ရှိမှု နှင့် အစိုးရ၏ အသုံးစားရိတ် နှင့် အခွန်ကောက်ခံမှုများ နှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုချေးငွေဖြင့် အတိုးနှုန်းနည်း သည့် နှစ်ရှည်ချေးငွေများကို ပြည်သူ့ရေးရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက “လုပ်ငန်းစဉ်မှာ အဆိုပြုထားတဲ့ မူဝါဒ ပြောင်းလဲမှုလုပ်ငန်းတွေရဲ့ အထောက်အကူ နဲ့ စီးပွားရေးမူဝါဒတွေ ခိုင်ခိုင်မာမာအကောင်အထည်ဖော် နိုင်ဖို့၊ လျှပ်စစ်ဓာတ်အား၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပိုလက်လှမ်းမီပြီး ယုံကြည်မှုတည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဥပမာ-ငွေကြေးဖောင်းပွမှုကို နည်းပါးပြီး တည်ငြိမ်အောင် ထိန်းထားနိုင်မယ်ဆိုရင် အရည်အသွေးမြင့်မားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်မှာဖြစ်တယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်တယ်’’ ဟုပြောသည်။

ယခုဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်တွင် အဓိက မဏ္ဍိုင်နှစ်ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ မေခရိုစီးပွားတည်ငြိမ်မှုကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းခြင်း၊ ဘတ်ဂျက်လိုငွေပြမှုအားဗဟိုဘဏ်ထောက်ပံ့နေရမှုကို အဆံုံးသတ်နိုင်ရန်၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ အားကောင်းလာစေရန် နှင့် မူဝါဒအခြေပြု ဘတ်ဂျက်ရေးဆွဲမှု စနစ် တည်ဆောက်နိုင်ရန် တို့ ပါဝင်သည်။

ယခုချေးငွေသည် ဝင်ငွေနည်းပါးသည့် တိုင်းပြည်များအတွက် ရည်ရွယ်သည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရံပုံငွေ က ပေးအပ်သည့် ချေးငွေဖြစ်ပြီး၊ ချေးငွေသက်တမ်းမှာ ၃၈ နှစ် ဖြစ်ကာ၊ ၆နှစ်ဆိုင်းငံ့ကာလ ရရှိမည်ဖြစ်ပြီး အတိုးမဲ့ချေးငွေအမျိုးအစားဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.