Connect with us

Local

ကောလင်းမြို့နယ် လာကာကျေးရွာအနီးရှိ ကျောက်ရွှေကြော တူးဖော်မှုအား တားမြစ်ထား

ကျောက်ရွှေကြောအား ဒေသခံများ တူးဖော်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် လာကာကျေးရွာအုပ်စု၊ လာကာကျေးရွာအနီး ဘိုးမင်း တောင်တွင် တွေ့ရှိထားသော ကျောက်ရွှေကြော တူးဖော်မှုအား မလိုလား အပ်သော အန္တရာယ်များ ဖြစ်ပေါ်လာနိုင် သောကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက တားမြစ် ထားကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သည်။

ဘိုးမင်း တောင်တွင် ဧပြီ ၂၃ ရက်နေ့တွင် လာကာကျေးရွာ ဒေသခံတစ်ဦးမှ ရွှေပါရှိသည့် ကျောက်တုံးကို တွေ့ရှိ၍ ဆက်လက် တူးဖော်ရာမှ ကျောက်ရွှေကြောဖြစ်နေကြောင်းသိရကြောင်း ၊ ရွှေကြောအား ဒေသခံပြည်သူ ၃၀၀ကျော်ခန့်က အလှည့်ကြ တူးဖော်ခဲ့ကြကြောင်း သိရသည်။

ယခုအခါတွင် မလိုလား အပ်သော အန္တရာယ်များဖြစ်ပေါ် လာနိုင် သောကြောင့် တူးဖော်မှုအား သက်ဆိုင်ရာ အဖွဲ့အစည်းများက တားမြစ် ထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.