Connect with us

Local

နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလုပ်ရှင် နှင့် အလုပ်သမား တူညီသော အင်အားဖြင့် ပြိုင်တူ ကြိုးပမ်း အားထုတ်ကြရန် နိုင်ငံတော် သမ္မတ တိုက်တွန်း

အထည်ချုပ် လုပ်ငန်းခွင် အတွင်း လုပ်ကိုင်နေကြသည့် အလုပ်သမားများအား တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ)

နိုင်ငံတကာတွင် အလုပ်ရှင် နှင့် အလုပ်သမားများ တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက်နေမှုများကို စံနမူနာ ယူပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တူညီသော အင်အားဖြင့် ပြိုင်တူ ကြိုးပမ်း အားထုတ်ကြရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် အလေးအနက် တိုက်တွန်းခဲ့သည်။

“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလုပ်သမားများရဲ့ လုပ်အားနဲ့ အကောင် အထည်ဖော်ရာမှာ အလုပ်သမားထုရဲ့ အင်အားက အဓိကကျသလို အလုပ်သမားတွေ အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့ အလုပ်ရှင် ဆိုတာကလည်း မရှိမဖြစ်တဲ့ မိတ်ဖက်တစ်ဦး ဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့အချက် ဖြစ်ပါတယ်။ ဒီမိတ်ဖက် နှစ်ဦးရဲ့ ဟန်ချက်ညီတဲ့ တွန်းအားက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့အရွေ့ကို ဖြစ်ပေါ်စေမယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး။”ဟု သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အလုပ်သမားကြီးများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည် ဖြစ်သည့် အတွက် အလုပ်သမားရေးရာ ကဏ္ဍတွင် လူမှုရေး တရားမျှတမှု အပေါ် အခြေခံသည့် အစိုးရ အဖြစ် အလုပ်ရှင်၊ အလုပ်သမား၊ မိတ်ဖက် အဖွဲ့အစည်း အသီးသီးတို့ဖြင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

အလုပ်သမား ဥပဒေများကို နိုင်ငံတကာ၊ ဒေသဆိုင်ရာ စံနှုန်း သတ်မှတ်ချက်များနှင့် လိုက်လျော ညီထွေ ဖြစ်ရန် လက်ရှိ ဥပဒေများကို သုံးသပ် ပြင်ဆင်ရာတွင် ဥပဒေပညာရှင်များ ၊ ILO နှင့် ပြည်တွင်း/ ပြည်ပ ကျွမ်းကျင်သူများထံက အကြံဉာဏ်များ ရယူ ဆောင်ရွက်ခဲ့ကြောင်း ၊ ထို့အပြင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ဥပဒေ ၊ နိုင်ငံခြားသား အလုပ်သမား ဥပဒေ တို့ မရှိသေးသည့် အတွက် အသစ် ပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားသည်။

ထို့အတူ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားရေးရာ ကိစ္စရပ်များ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေး အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ Myanmar Migrant Workers’ Reporting Counter များ ဖွင့်လှစ် ထားပြီး အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက် ပေးလျက် ရှိကြောင်း ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း Migrant Resource Center (MRC) ရုံးများဖွင့်လှစ်ပြီး ရွှေ့ပြောင်း အလုပ်သမားများ ဆိုင်ရာ လုံခြုံ စိတ်ချမှုရရှိအောင် ဆောင်ရွက် ပေးလျက် ရှိကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် ကိုရီးယား သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံများတွင် မြန်မာ အလုပ်သမား သံအရာရှိ (Labour Attache)များ ခန့်အပ်ထားပြီး ထိုနိုင်ငံများတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ ရေးရာ ကိစ္စရပ်များကို ဖြေရှင်းပေးလျက် ရှိကြောင်း ဖော်ပြထားသည်။

၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ အလုပ်သမားများ အတွက် လူမှု အကာ အကွယ်ပေးနိုင်ရန် အာမခံစနစ် (၆)မျိုးကို ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း ယင်းအနက်မှ အာမခံစနစ် (၃)မျိုးကို လက်ရှိ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် အလုပ်သမားများ အတွက် လူမှု အကာအကွယ် နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သည့် လူမှုဖူလုံရေး စီမံကိန်းကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117