Connect with us

Local

ကရင်ပြည်နယ် ရင်းနှီးမြှပ်နှံမှု ကော်မတီမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခုကို အတည်ပြု

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှု ဥပဒေနှင့် အညီ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခုကို ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကရင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခုဖြစ်သည့် မင်းမြတ်ဂုဏ်ကုမ္မဏီ၏ ဘားအံမြို့၊ ရဲသာကျေးရွာ အုပ်စု၊ ကမော့ကစင်ကျေးရွာ အနီး ဇွဲကပင် သဘာဝ ဟိုတယ်အမည်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းရှင် ကလည်းကောင်း၊ Precision Auto Engineering ကုမ္ပဏီ၏ နိုင်ငံတကာ အဆင့်မီ မော်တော်ယာဉ်(၂)ဘီး၊ (၃)ဘီး၊ (၄)ဘီး အမျိုးအစား တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းရှင်က လည်းကောင်း ဆောင်ရွက်မည့် အခြေအနေများအား တင်ပြကြကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြုှပ်နှံမှု လုပ်ငန်း(၂)ခု၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၁.၃၅)သန်း၊ မြန်မာငွေ (၄၅၀၀)ကျပ်သန်း၊ အလုပ်အကိုင် အခွင့်အလမ်း (၃၀၀)ကျော်ကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ် အတွင်း ၁၉၉၄ ခုဘဏ္ဍာနှစ်မှ ၂၀၁၈ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ ခွင့်ပေးခဲ့သော ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများမှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု (၃)ခု၊ မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှု (၁၀)ခု ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၁၈)ကြိမ် မြောက် အတည်ပြုလွှာတင်ပြခြင်း အစည်းအဝေးကို မေလ(၁၇)ရက်နေ့ ညနေ(၃)နာရီအချိန်က ကရင်ပြည်နယ်အစိုးရ အဖွဲ့၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်ရင်းနှီးမြှပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ် ဝန်ကြီးများ၊ ကရင်ပြည်နယ် ရင်းနှီးမြှပ်နှံမှု ကော်မတီမှ တာဝန်ရှိသူများနှင့် ကရင်ပြည်နယ်ရင်းနှီးမြှပ်နှံမှု လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် ရင်းနှီးမြုှပ်နှံမှု လုပ်ငန်း နှစ်ခုကို စိစစ်ခြင်း၊ ဆွေးနွေးခြင်းများကို ဆောင်ရွက်ကြပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂)ခုအား အတည်ပြုမိန့် ခွင့်ပြုပေးရန် ဆုံးဖြတ်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.