Connect with us

Local

ကိုရီးယားနိုင်ငံရှိ မြန်မာကုန်သွယ်မှုဗဟိုဌာနပြခန်းအတွက် မြန်မာ့ထုတ်ကုန်ပစ္စည်းများအားပေးပို့နိုင်

မြန်မာကုန်သွယ်မှုဗဟိုဌာနအားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊မတ်၂၅ ရက် (ဆင်ဟွာ)

ကိုရီးယားနိုင်ငံရှိ မြန်မာကုန်သွယ်မှုဗဟိုဌာနပြခန်းအတွက် မြန်မာ့ထုတ်ကုန်ပစ္စည်းများအားပေးပို့နိုင်ရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှု ဗဟိုဌာန မှသိရသည်။

အဆိုပါ မြန်မာ ကုန်သွယ်မှု ဗဟိုဌာန Myanmar Trade Center (Seoul) သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားတွင် ဖွင့် လှစ်သည့် ပထမဆုံး ကုန်သွယ်မှုစင်တာ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ထွက်ကုန် ပစ္စည်းများကို နိုင်ငံတကာမှ သိရှိလာစေရန် နှင့် ဈေးကွက်သစ်များ တိုးတက်ရရှိ လာစေရန် အတွက် ပြည်ပနိုင်ငံ များတွင် မြန်မာ ကုန်သွယ်မှု ဗဟိုဌာန(Myanmar Trade Center) ဖွင့်လှစ် ဆောင်ရွက်လျက် ရှိရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ကုန်သွယ်မှု မြှင့်တင်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန နှင့် Myanmar Inspection and Testing Services Korea Co., Ltd (MITSK) တို့ပူးပေါင်း ၍ ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့၌ ယခုနှစ် ဇန်နဝါရီ ၂၅ ရက်က မြန်မာကုန်သွယ်မှု ဗဟိုဌာန Myanmar Trade Center (Seoul) ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုရီးယားနိုင်ငံတွင် ဖွင့်လှစ်ဆောင်ရွက် နေသည့် မြန်မာ ကုန်သွယ်မှု စင်တာ(ဆိုးလ်)တွင် ကိုရီးယားနိုင်ငံနှင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာ့ထွက် ကုန်ပစ္စည်းများကို လေ့လာ ဝယ်ယူနိုင်ရန် နှင့် မြန်မာ့ကုန်သွယ်မှု လုပ်ငန်းများ တိုးမြင့်လာစေရန် ရည်ရွယ်၍ မြန်မာ့ထုတ်ကုန် ပစ္စည်းများကို ပြသထားမည် ဖြစ်သည်။

ထိုသို့ ပြည်ပနိုင်ငံများတွင် ကုန်သွယ်မှု စင်တာများ ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု သတင်းအချက် အလက်များ၊ ပို့ကုန် နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ထိရောက် လွယ်ကူစွာ ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.