Connect with us

Local

တရားမဝင် ကုန်စည် စီးဆင်းမှု တားဆီး ထိန်းချုပ်ရေး စီမံချက် မတ် ၁ ရက် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်

တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများ ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

တရားမဝင် ကုန်စည် စီးဆင်းမှု တားဆီး ထိန်းချုပ်ရေး စီမံချက်အား မတ် ၁ ရက် မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများ ညှိနှိုင်း အစည်းအဝေးအား ဖေဖော်ဝါရီ ၂၇ ရက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အကောက်ခွန် ဦးစီးဌာနအနေဖြင့် တရားမဝင် ကုန်စည် သယ်ဆောင်မှုများ တားဆီးရေးကို ရေရှည် နှင့် ကာလတို လုပ်ငန်းစဉ် ၂ ရပ်ဖြင့် တားဆီး ထိန်းချုပ်မည့် အစီအမံအား ပထမအဆင့် ကချင်ပြည်နယ်၊ ဒုတိယအဆင့် ရှမ်း၊ ကရင်၊ ပဲခူး တိုင်းဒေသကြီး ၊ တတိယ အဆင့် စစ်ကိုင်း ၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးရမိသည့် ပစ္စည်း၏ ၅၀% ကို ဆုချီးမြှင့်မည် ဖြစ်ပြီး ပါဝင် ဖမ်းဆီးသည့် ဝန်ထမ်းများအား ဂုဏ်ယူ ချီးမြှင့်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။

နယ်စပ်ဂိတ် များတွင် ကုန်စည် စီးဆင်းမှုအား နှစ်ဖက် နိုင်ငံ အကောက်ခွန် ဦးစီးဌာနတို့ ညှိနှိုင်း၍ ခွင့်ပြုသင့် / ခွင့်မပြုသင့် သည့် ပစ္စည်းများအား ညှိနှိုင်း သွားရန် ဖြစ်ကြောင်း ၊ ပြည်တွင်း တရားမဝင် ကုန်စည်များ မရောင်းချ နိုင်ရန် အသိပညာပေး လုပ်ငန်းစဉ်များ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ၊ တရားဥပဒေနှင့် အညီ လုပ်ကိုင် ဆောင်ရွက်နိုင်သည့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းမှန်ပေါ်သို့ ရောက် အောင် ဆွဲတင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.