Connect with us

Local

ယူရိုသန်း ၇၀ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ မှအစည်းအဝေးကျင်းပ

(AFD)ထံမှယူရိုသန်း ၇၀ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ (ဓာတ်ပုံ--ပြည်ထောင်စုလွှတ်တော်)

နေပြည်တော် ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အမျိုးသားစီမံကိန်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်ပြင်သစ်ဖွံဖြိုးတိုးတက်ရေးအေဂျင်စီ(AFD)ထံမှ ယူရိုသန်း ၇၀ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစည်းအဝေးအား ကျင်းပခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်မှ သတင်းထုတ်ပြန်သည်။

၎င်းအစည်းအဝေးကို ၅-၁၂-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ၁၄း၀၀နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အမျိုးသားစီမံကိန်းနှင့်ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ အစီရင်ခံစာတို့အပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အမှတ်စဉ် (၁၃) (၁၄) မူကြမ်းတို့နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကော်မတီဝင်များကဆွေးနွေးကြသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတစ်လျောက် ဖွံ့ဖြိုးရေးနှင့်မြို့ပြယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျူဟာစီမံကိန်း ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ထံမှ ယူရိုသန်း ၇၀ ချေးငွေရယူရန် နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် လေ့လာတွေ့ရှိချက်နှင့် အစီရင်ခံစာအမှတ်စဉ် (၁၂/၂၀၁၈) မူကြမ်းအား ပူးပေါင်းကော်မတီဝင်များက ဆွေးနွေးအတည်ပြုကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှတာဝန်ရှိသူများ၊ ပူးပေါင်းကော်မတီ၏အကြံပေးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.