Connect with us

Local

တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် တရားမဝင် ကုန်ပစ္စည်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅ ဒသမ ၆၄၈၂ ဘီလီယံ ဖမ်းဆီး နိုင်ခဲ့ဟုဆို 

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၃၁)ကြိမ် မြောက်ပုံမှန်တွေ့ဆုံပွဲအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

တရားမဝင်ကုန် ပစ္စည်းများကို တားဆီးထိန်းချုပ်ပေးနိုင်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍဖွံဖြိုးတိုးတက်ရေး ကော်မတီ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်နိုင်ရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ဖမ်းဆီးအရေးယူမှုပေါင်း ၁၀၆၅ ကြိမ်၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅ ဒသမ ၆၄၈၂ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံ၏ တရားမဝင် ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အခြေအနေညွှန်းကိန်း မြင့်တက် လာမှုနှင့်စပ်လျဉ်း၍ နိုင်ငံအဆင့်၌ ဌာနအချင်းချင်းအကြားပူးပေါင်းမှု မြှင့်တင်ရန် အတွက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၁၃) ရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိကြောင်း ၎င်းက ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၃၁)ကြိမ် မြောက်ပုံမှန်တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အလွန်အရေးကြီးကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။ထို့အတူ ကုန်သွယ်ရေး ကဏ္ဍတွင်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၀၂ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၃၂ ဘီလီယံဆောင်ရွက်နိုင်ခဲ့ပါကြောင်း ၊ ၎င်းကုန်သွယ်မှုပမာဏ တွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၇၂ ဘီလီယံပါဝင်သည့်အတွက် ၈၂ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117