Connect with us

Local

ကျပ်သန်း ၆၀၀ နီးပါး တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဇွန်လ ဒုတိယပတ်အတွင်း သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် အကောက်ခွန်မဲ့ ပစ္စည်းများအား တွေ့ ရစဉ်(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

အကောက်ခွန်မဲ့ ပစ္စည်းများအား တားဆီး စစ်ဆေး အရေးယူလျက် ရှိရာ ဇွန် ၉ ရက်မှ ၁၅ ရက် အတွင်း စုစုပေါင်း တားဆီးမှု ၇၇ မှုမှ ခန့်မှန်း တန်ဖိုး ကျပ် ၅၉၇ ဒသမ ၂၉၂၄ သန်းခန့်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား အကောက်ခွန် ဦးစီးဌာနမှ သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်မှု အရ သိရသည်။

ထို့အတူ ဇွန်လပထမအပတ် အတွင်း စုစုပေါင်း တားဆီးမှု ၈၈ မှုမှ ခန့်မှန်း တန်ဖိုး ကျပ် ၇၈၄.၆၄၂၅ သန်းခန့်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။အကောက်ခွန်ဦးစီးဌာနမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူစစ်ဆေးရေးစခန်းနှင့် အကောက် ခွန်နယ်မြေဒေသအသီးသီးတို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် အကောက် ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117