Connect with us

Local

နယ်စပ်ဒေသ စီးပွားကူးသန်းမှုတွင် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်လုံးရှိ ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး အလေးထား ဆောင်ရွက်သွားမည်

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Dr. Somkid Jatusripitak အား တွေ့ ရစဉ်(ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)

နယ်စပ်ဒေသ စီးပွားကူးသန်းမှုတွင် မဲဆောက်-မြဝတီ နယ်စပ်သာမက ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်လုံးရှိ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Dr. Somkid Jatusripitak က ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပခဲ့သော Thailand-Myanmar Business Cooperation ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လမ်းပန်း ဆက်သွယ်ရေးများ ထပ်မံချဲ့ထွင်၍ မဖွံ့ဖြိုးသေးသည့် လမ်းများကို အဓိက ဖွံ့ဖြိုးရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် အဓိက လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် စွမ်းအင်ကဏ္ဍ၊ ပညာရေး၊ SME ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့် Financial ကဏ္ဍများတွင် မြန်မာ နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ စက်မှုလက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများသည် အခွင့်အလမ်းကောင်းများ ဖြစ်သည့် အတွက် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ထိုင်းနှင့် ပူးပေါင်း ဆောင်ရွက် စေချင်ကြောင်း ၊ ကမ္ဘာပေါ်ရှိ နိုင်ငံငယ်များ ပူးပေါင်း ဆောင်ရွက်လျှင် ပိုမိုအောင်မြင်မှာဖြစ်၍ အထူးသဖြင့် CLMVT နိုင်ငံများ အနေဖြင့် ပိုမိုပူးပေါင်းပါဝင်စေချင်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

ထိုဆွေးနွေးပွဲတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များမှ Border trade ၊ Industry and Electric Power၊ Tourism industry ၊ Agriculture fishery and food value added processing ကဏ္ဍအသီးသီးခွဲ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.