Connect with us

Local

လာမည့် ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ၂ဘီလီယံရရှိရန် လျာထားဟုဆို

နေပြည်တော်ရှိ ပဲစိုက်တောင်သူတစ်ဦး ပဲများအား သန့်စင်နေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

လာမည့်ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရရှိရန် လျာထားကြောင်း စီးပွားရေး နှင့်ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပဲမျိုးစုံမက်ထရစ်တန်ချိန် ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၄ သန်းအထိ တင်ပို့နိုင်ရန်မျှော် မှန်းထားပြီး လက်ရှိဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလ တတိယပတ်အထိ ပဲမျိုးစုံတင်ပို့မှုသည် ခင်နှစ်ထက် တန်ချိန် တစ်သိန်းခုနစ်သောင်းနီးပါး ပိုမိုတင် ပို့နိုင် ခဲ့ကာ အမေရိကန်ဒေါ်လာသန်း ၃ဝဝ ကျော် ပိုမိုရရှိထားကြောင်း သိရသည်။

အဆိုပါ ပဲမျိုးစုံတင် ပို့မှုတွင် မတ်ပဲ ၄၂ ရာခိုင်နှုန်း၊ ပဲတီစိမ်း၂၇ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၉ ရာခိုင်နှုန်းနှင့် ကုလားပဲ ၂ ရာခိုင်နှုန်း အသီးသီး တင်ပို့ကာ ကျန်သည့်ပဲများမှာ ၁၁ ရာခိုင်နှုန်း နီးပါးရှိကြောင်း စီးပွားရေး နှင့်ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.