Connect with us

Local

နိုင်ငံခြားသား အိမ်ခြံမြေအငှား ဈေးကွက် ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်း

ရန်ကုန်မြို့ရှိ အဆောက်အဦးတစ်လုံးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံခြားသား အိမ်ခြံမြေအငှား ဈေးကွက် ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်းနေကြောင်း၊ အိမ်ငှားခ နှုန်းထားများလည်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိကြောင်း သိရသည်။ 

မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ မန်နေဂျင်းဒါရိုက်တာဦးသန်းဦးက “COVID-19 ကမ္ဘာမှာ စတွေ့ရတဲ့ အချိန် မြန်မာနုင်ငံမှာ မဖြစ် သေးပေမယ့် သူတို့နိုင်ငံတွေ ပိတ်မှာစိုးလို့ နိုင်ငံခြားသားတွေ က မတ် ၂၃ ရက် နောက်ပိုင်း ပြန်ကြတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူကို မတ်လမှာ စတွေ့တယ်။ မတ်လ နဲ့ ဧပြီ လ မှာ တော်တော်များများ နိုင်ငံခြားသားတွေ ပြန်ကြတယ်။သူတို့ငှားနေခဲ့တဲ့ ခြံနဲ့အိမ်တွေ၊ ကွန်ဒို တွေဟာ ပြန်အပ်ကုန်ကြတယ်။ အဲလိုပြန်သွားပြီး အခုထိ တော်တော်များများပြန်မလာကြတော့ဘူး။ လေကြောင်းလိုင်းတွေ က လည်း အရေးကြီးကိစ္စ ကလွဲလို့ ပိတ်ထားတဲ့အတွက် တော်တော် များများ ပြန်မလာကြတော့ဘူး။’’ ဟု ပြောသည်။

iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက “COVID-19 ရောဂါဖြစ်ပွားတဲ့ ကာလ မှာ နိုင်ငံခြားသား အငှား ၉၀ ရာခိုင်နှုန်းကျော်လောက်ကျဆင်းသွားတာ တွေ့ရတယ်။ အခန်းအများစု က ပိတ်ထားရတဲ့ အနေအထားဖြစ်နေတယ်။ တစ်ချို့ ငှားချင်သူတဲ့ အိမ်ရှင်တွေ ကလည်း ဈေးလျှော့ငှားလာကြတာတွေ့ရတယ်။’’ ဟု ဆိုသည်။

ယခင်COVID-19 ကာလမတိုင်မှ အိမ်ခြံမြေ တစ်ခု အငှားဈေးကွက်ပေါ်သို့ ငှားရမ်းရန် တင်၍ ကြော်ငြာပါက ပျမ်းမျှ ၁ လခွဲ မှ ၂လ အတွင်းအငှားရသော်လည်း ယခု တွင် ၃ လ မှ  ၄ လ အထိ ကြန့်ကြာမှုရှိကြောင်း ဦးနေမင်းသူက ဆိုသည်။ နိုင်ငံခြားသားများကို အားပြုရသည့် အငှားဈေးကွက် သည် ဖေဖော်ဝါရီ လကုန် မှ ယခု အချိန် အထိ ပြန်လည်ဦးမော့လာခြင်းမရှိဘဲ အေးစက်လျက်ရှိသေးကြောင်း သိရသည်။ ယခင်က အငှားဈေး ငွေကျပ် ၁၂ သိန်းရရှိသော ကွန်ဒို အခန်းများကိုကျပ်၉ သိန်း၊  ၁၀သိန်းတန် ကွန်ဒိုအခန်းများကို ကျပ် ၈သိန်း ခွဲအထိ ဈေးလျှော့ငှားရန်း နေကြကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.