Connect with us

Local

၂၀၁၉ အောက်တိုဘာလ မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ကုန်အထိ ဆန်မက်ထရစ်တန်ချိန် ၂ ဒသမ ၄ သန်းကျော် ပြည်ပနိုင်ငံများသို့တင်ပို့နိုင် 

စပါးစေ့များအား အခြောက်ခံ နေလှန်းနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂၀၁၉ခုနှစ်  အောက်တိုဘာလ မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ကုန်အထိ ဆန်မက်ထရစ်တန်ချိန် ၂ ဒသမ ၄ သန်းကျော် ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူတွင် ဆန်မက်ထရစ်တန်ချိန် ၂ ဒသမ ၂ သန်းတင်ပို့နိုင်ခဲ့သောကြောင့် ယခုဘဏ္ဍာနှစ်တွင် ဆန်ပိုမိုတင်ပို့နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရသည်။

“အိတ်စပို့ နဲ့ ပတ်သက်ပြီး ဧပြီ လ တစ်လလုံး COVID-19 ရောဂါ ကြောင့် Lockdown  တွေ လုပ်ထားတဲ့ အချိန် မှာ ဆန်စပါးကို ပြည်ပ တင်ပို့ တာကို ခွင့်ပြုမပေးခဲ့ဘူး။ မေ ၁ ရက်မှာ ပြည်ပတင်ပို့ခွင့် ပြန်စတယ်။ မေ နဲ့ ဇွန် လမှာ တန်ချိန် ၂ သိန်း ကျော် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်ဝင်ငွေ ရှာနိုင်ခဲ့တယ်’’ဟု  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောသည်။ 

ပြည်ပဆန်တင်ပို့ ခြင်းအား ဇူလိုင် နှင့် သြဂုတ်တို့တွင် တစ်လ လျှင် ဆန်တန်ချိန် ၁ ဒသမ ၅ သိန်းစီ တင်ပို့နိုင်ခဲ့ပြီးယခု စက်တင် ဘာလတွင် ဆန်တန်ချိန် တစ်သိန်း ထပ်မံတင်ပို့ရန် လျာထားကြောင်း သိရသည်။

ထို့ပြင် ဆန် နှင့် ဆန်ကွဲများကို နိုင်ငံပေါင်း ၆၀ ကျော်သို့ တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့မှုထက် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ တင်ပို့ မှုပိုမိုများပြားခဲ့ကာ၊ ပင်လယ်ရေကြောင်းမှ တင်ပို့မှု ၈၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ပြည်ပသို့ဆန်တင်ပို့ရာတွင် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံ သို့အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း၊ ဆန်ကွဲအား ဘယ်လ်ဂျီယံ နှင့် ဆီနီဂေါ နိုင်ငံတို့သို့ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.