Connect with us

Local

နိုင်ငံ၏ အဖက်ဖက်က အခြေအနေပေါ်ကြည့်ပြီး ဘဏ်တိုးနှုန်းတွင် အခွန်မကောက်ရန်ဆုံးဖြတ်ရခြင်းဖြစ်ဟုဆို

ဘဏ်တစ်ခုတွင် ငွေများရေတွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံ၏ အဖက်ဖက်က အခြေအနေပေါ်ကြည့်ပြီး ဘဏ်များတွင် အပ်နှံထားသည့်ငွေ၏ အတိုးရ ငွေအပေါ်တွင် အခွန်ကောက်ခံရန် အစီအစဉ်မရှိဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ ညွှန်ကြားရေးမှုးချုပ် ဦးမင်းထွဋ်က ဆင်ဟွာကိုပြောသည်။

ဦးမင်းထွဋ်က “ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံရဲ့အဖက်ဖက်က အခြေနေကိုကြည့်ပြီး အခွန်ဆောင်စရာမလိုဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို မနေ့က ကြေညာခဲ့ပါတယ်’’ ဟုပြောသည်။

ဘဏ်များတွင် အပ်နှံထားသည့်ငွေ၏ အတိုးရ ငွေအပေါ်တွင် အခွန်ပေးဆောင် ရန် ဝင်ငွေခွန် ဥပဒေအရ ပြဋ္ဌာန်းထားသော်လည်း ပြည်တွင်း အခွန်များဦးစီး ဌာနအနေဖြင့် လက်ရှိအခြေအနေတွင် အတိုးရငွေအပေါ် အခွန်ကောက်ခံရန် အစီအစဉ်မရှိပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေးဦးသန်းလွင်က “ဘဏ်တိုးနှုန်းကနေပြီး အခွန်မကောက်ဘူးဆိုတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ကောင်းပါတယ်။ တကယ်လို့သာ ဘဏ်တိုးနှုန်းကနေ အခွန်ကောက်ခဲ့ရင် လူတွေက ဘဏ်မှာပိုက်ဆံအပ်မယ့်အစား စတော့ရှယ်ယာဘက်ကို ကူးပြောင်းသွားနိုင်တယ်။’’ ဟုဆင်ဟွာကို ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.