Connect with us

Local

နိုင်ငံ့တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများ ပင်စင်ယူသည့် အခါ နေထိုင်ရန် အိမ်ခန်း ၊ တိုက်ခန်းများ ရရှိရေး အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ ရှိ လူနေတိုက်ခန်းများအား တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

နိုင်ငံ့တာဝန် ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ အတွက် ပင်စင်ယူသည့်အခါ နေထိုင်ရန် အိမ်ခန်း၊ တိုက်ခန်းများ ရရှိရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် များအားလုံး တွင် အစီအမံများ ချမှတ်ဆောင်ရွက် လျက် ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံပိုင် ဘဏ်များ၊ မြန်မာနိုင်ငံ ဘဏ်များအသင်း၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများနှင့် နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲများမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံပွဲ အခမ်းအနားအား ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပခဲ့ရာ ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ထိုအခမ်းအနားတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်နှင့် အခြားပုဂ္ဂလိကဘဏ် များအားလုံးသည် ဘဏ်လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်း ဆောင်ရွက် သွားကြရန် လိုကြောင်း ၊ ဘဏ်များတွင် အပ်နှံထားသည့် ငွေ၏ အတိုးရငွေ အပေါ်တွင် အခွန်ပေး ဆောင်ရန် ဝင်ငွေခွန် ဥပဒေ အရ ပြဋ္ဌာန်း ထားသော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် လက်ရှိအခြေအနေတွင် အတိုးရငွေအပေါ် အခွန်ကောက်ခံရန်အ စီအစဉ်မရှိကြောင်း၊ ပြည်သူလူထုသိရှိ နိုင်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Internet Website များနှင့် Social Media များမှတစ်ဆင့် သတင်းထုတ်ပြန် ကြေညာပြီး ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.