Connect with us

Local

နေပြည်တော်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိမှု ကွင်းဆက် ရန်ကုန်မြို့၌ ထပ်မံ သိမ်းဆည်း ရမိ

ရန်ကုန်မြို့ ၌ သိမ်းဆည်း ရမိသည့် လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

နေပြည်တော်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ ဖြိုးကိုကို တင့်ဆန်း ပိုင် ကုမ္ပဏီ အဆောက်အဦ နှင့် နေအိမ်များ အတွင်းမှ လက်နက်/ခဲယမ်း နှင့် စိတ်ကြွ ဆေးပြား များအား ထပ်မံ သိမ်းဆည်း ရမိခဲ့သဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သာကေတမြို့နယ်ရှိ ဖြိုးကိုကိုတင့်ဆန်းပိုင် ACE GROUP OF COMPANIES အဆောက်အဦအား အောက်တိုဘာ ၁၆ ရက်တွင် ဝင်ရောက် ရှာဖွေခဲ့ရာ (၇)လွှာရှိ ဖြိုးကိုကိုတင့်ဆန်း၏ အိပ်ခန်းအတွင်းမှ သေနတ်ထည့် အိတ်(၁)အိတ်၊ စနိုက်ပါ မှန်ပြောင်း (၁)ခု ၊ အရှည်(၁၅)လက်မခန့်ရှိ သေနတ်ပြောင်း(၁)ခု၊ စပရိန်ပါ လက်နက်ငယ် မောင်းတုံး (၁)ခု၊ နှစ်အိတ်တွဲ ကျည်ကပ်အသေးထည့်အိတ်(၁)ခု၊ ကော်ဖြင့်ပြုလုပ် ထားသည့် ကျည်အိမ်ထည့်အိတ် (၂ခုတွဲ) (၂)ခု၊ လက်ကိုင်စကားပြောစက် (၈)လုံး၊ အဝေးကြည့် မှန်ပြောင်း (၁)ခု၊ Drone(၅)ခုနှင့် ၎င်းတို့အား မောင်းနှင် သည့် ကိရိယာ(၁)ခု၊ ရေချိုးခန်းအတွင်းမှ WYစာတမ်းပါ စိတ်ကြွဆေးပြား(၈)ပြား၊ မူးယစ် ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ သံဘောစေ့ (၁၀၀)ပါ (၁)ဗူး၊ ၉ မမကျည်(၂)တောင့်၊ အိမ်သာခန်း မျက်နှာကျက်ပေါ်၌ သိမ်းဆည်းထားသည့် M-16 သေနတ်(၁) လက်(မောင်းတုံးမပါ)၊ သံဘောစေ့ဖြင့် ပစ်ခတ်ရသည့် M-4 ကာဘိုင် ပုံစံသေနတ်(၁)လက်နှင့် ဘောစေ့ထည့်ရသည့် ကျည်အိမ်(၁)ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖြိုးကိုကိုတင့်ဆန်းနှင့် ဖြိုးဘိုဘိုတို့ ၂ ဦးအား သာကေတနယ်မြေရဲစခန်းက မယ(ပ)၂၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထို့အတူ ဗဟန်းမြို့နယ်ရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်အား ရှာဖွေခဲ့ရာ ၅.၅၆ ကျည် (၃)တောင့်၊ ဖြိုးကိုကို တင့်ဆန်း အမည်နှင့် နိုင်ငံတော်တံဆိပ်ပါ ပြောက်ကျားဝတ်စုံ(၁)စုံ၊ နိုင်ငံတော်တံဆိပ်နှင့် အရိုးခေါင်း လက်မောင်း တံဆိပ်ပါ အနက်ရောင် လက်ရှည်အင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၂)လက်(တို ၁၊ ရှည် ၁)၊ စစ်စိမ်းရောင် သံလိုက် အိမ်မြှောင် (၁)ခု၊ လက်ကိုင်စကားပြော စက်(၁)လုံး၊ သေနတ်ချိန်သီး(၁)ခု၊ ကျည်ကာအင်္ကျီ(၂)ထည်၊ ကျည်အိမ်ထည့်အိတ်(၄ခုတွဲ)(၁)ခု၊ အနက်ရောင် လက်ကိုင်အိတ်(၂)လုံး၊ စကားပြောစက် ထည့်အိတ် (၁)ခု၊ WY စာတမ်းပါ စိတ်ကြွဆေးပြား (၂)ပြား၊ ICE ဟုယူဆရသည့် အမှုန့်များ ကပ်နေသည့် ကပ်ခွာအိတ်(၁)ခု၊ ခဲပြား(၉)ခုနှင့်မီးခြစ်(၃)လုံး၊ စိတ်ကြွဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး/ဖန်ပုလင်း (၃)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖြိုးကိုကိုတင့်ဆန်းအား ဗဟန်းမြို့မရဲစခန်းက မယ(ပ)၄၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ ၁၅ ရက်တွင် ACE ဟိုတယ်၌ တရားခံပြေး သီဟ(ဖြိုးကိုကိုတင့်ဆန်း၏ ယာဉ်မောင်း)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဟိုတယ် ACE အခန်းအမှတ် (H-1)အခန်းအတွင်းမှ မန်မိုရီစတစ်(၄)ချောင်း၊ ဟာ့ဒစ်(၁)ခု၊ ကွန်ပျူတာ System ပုံး(၃)ပုံး၊ လက်ကိုင်ဖုန်း(၁)လုံး၊ ဝိုင်ဖိုင်လွှင့်စက်(၁)လုံး၊ X5R Reader (၁)လုံး၊ အသံဖမ်းစက် (၁)လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် (၁၁၅)မိုင် ဖြူးအမြန်လမ်းမကြီးရဲစခန်း၌ ထိန်းသိမ်းထားသည့် ACE အထွေထွေမန်နေဂျာ ဂျိုးဇက်(ခ)စယောသ အပါအဝင် ၅ ဦးအား အောက်တိုဘာ ၁၆ ရက်တွင် သွားရောက် ခေါ်ဆောင်၍ လယ်ဝေး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.