Connect with us

Local

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဒီဇင်ဘာလ ၁၂ ရက်တွင် စတင် ကျင်းပမည်

၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းတုံး များအား ကြည့်ရူနေမှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိ ရတနာကျောက်စိမ်း ခန်းမ၌ ဒီဇင်ဘာ ၁၂ ရက်မှ ၂၁ ရက်အထိ ၁၀ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ရတနာပြပွဲသို့ ခွင့်ပြုမိန့်ယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း ၊ လိုင်စင်ရယူ၍ ကျောက်မျက် ရတနာ အချောထည် ထုတ်လုပ်ခြင်း ၊ ရောင်းချခြင်း ၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ ၊ အသင်းဝင် နိုင်ငံသားများကို သတ်မှတ် ချက် များနှင့်အညီ ရတနာပြပွဲသို့ တက်ရောက်ခွင့်ပြု မည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ရတနာပြပွဲတွင် တင်ပြရောင်းချမည့် ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲများ ကို နိုဝင်ဘာ ၁ ရက်မှ ၂၄ ရက်အထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်း သတ်မှတ်ခြင်း၊ ပြပွဲကျင်းပမည့်နေရာသို့ ပြောင်းရွှေ့ခင်း ကျင်းခြင်းများ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လအတွင်း ကျင်းပခဲ့သည့် ၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ကျောက်မျက် အတွဲ ၁၀၅ တွဲကို ယူရို ၃.၀၆၈ သန်း နှင့် ကျောက်စိမ်း အတွဲ ၅၀၉၂ တွဲကို ယူရို ၅၁၅.၇၅၆ သန်းဖြင့် ရောင်းချခဲ့ရပြီး ပြပွဲသို့ပြည်တွင်း ၊ ပြည်ပ ရတနာ ကုန်သည် ၅၃၁၁ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.