Connect with us

Local

ပြည်တွင်း ကြက်သွန်နီ ဈေးမြင့်တက်မှုကြောင့် တရုတ် နိုင်ငံ မှ ကြက်သွန်နီ ပြန်လည် တင်သွင်း

တရုတ်နိုင်ငံထွက်မှ ထွက်ရှိသော ကြက်သွန်နီများကို ဈေးကွက်သို့ တင်ပို့ရန် ပြင်ဆင်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

လက်လီ ဈေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာ ကို ကျပ် ၃,၂၀၀ အထိ ဈေးတက်နေပြီး ၊ လက်ရှိ ပြည်တွင်း ဝယ်လိုအား မြင့်တက်နေသည့် အတွက် တရုတ်နိုင်ငံမှ ကြက်သွန်နီများ ပြည်တွင်း ဈေးကွက်ကို ပြန်လည် ဝင်ရောက်မှု ရှိနေကြောင်း ဘုရင့်နောင် ပွဲရုံရှိ ကြက်သွန်ပွဲရုံ လုပ်ငန်းရှင် တချို့ထံမှ သိရသည်။

ကြက်သွန်နီ ကုန်သည်ပွဲစား တစ်ဦးက “ အခု ကြက်သွန်ပေါ်ချိန် ရောက်ပေမယ့် လက်ကား ဈေးတောင် ကြက်သွန်နီက တစ်ပိသာကို ကျပ်၂,၈၀၀ လောက်ရှိတယ်’’ ဟု ပြောသည်။

နိုဝင်ဘာ လဆန်းတွင် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၂,၀၀၀ လောက်သာရှိပြီး တအိအိ နှင့် ဈေး မြင့်တက်တာ ၂ ပါတ်အတွင်း တစ်ပိဿာကို ကျပ် ၁,၀၀၀ ကျော်လောက် ဈေးတက်သွားကြောင်း သိရသည်။

ယခင်က တရုတ်နိုင်ငံသို့ ကြက်သွန်နီများကို ပြည်တွင်းမှ တင်ပို့နေရပြီး ယခုနှစ်တွင် ကြက်သွန်နီ ဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့သည့် အတွက် တရုတ်နိုင်ငံမှ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း ဖြစ်ကြောင်း ကြက်သွန်နီ ပွဲရုံ ပိုင်ရှင် တစ်ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.